ပါကစ္စတန်နှင့်တရုတ်က ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသကို သိမ်းပိုက်ရန် ကြိုးပမ်းနေ

By Bhaskar
04 March 2022
ပါကစ္စတန်နှင့်တရုတ်က ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသကို သိမ်းပိုက်ရန် ကြိုးပမ်းနေ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်းသည်သိမ်းပိုက်ခံ ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသအားနိုင်ငံ၏ ၅ ခုမြောက် ယာယီပြည်နယ်အဖြစ် ၎င်းတို့၏ ဖက်ဒရယ်စနစ်တွင် ထည့်သွင်းကြောင်း လူသိရှင်ကြား ကြေညာရန် မတ်လ ၂၃ ရက်နေ့တွင် ကျင်းပနေကျဖြစ်သည့် ပါကစ္စတန်နေ့ အခမ်းအနားတွင် ထုတ်ပြန် ကြေညာဖွယ်ရှိသည်ဟု ပြောဆိုနေကြသည်။

မြောက်ပိုင်းဒေသများဟု ခေါ်ခဲ့ကြသည့် ဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသကို၂၀၀၉ ခုနှစ်တွင် ကိုယ်ပိုင်လွှတ်တော်ထားခွင့်ပြုခဲ့သည်။ ၎င်းလွှတ်တော်ကို ပါကစ္စတန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကာမာဂျာဗက်ဘာဂျ်ဝါ၏ ဌာနချုပ်ရှိရာ ရာဝါလ်ပင်ဒီမြို့မှ ပါကစ္စတန်အစိုးရက ထိန်းချုပ်ထားသည်။

ဂေးလ်ဂစ်အစိုးရ၏ ကိုယ်စားလှယ်ဟောင်း ဗိုလ်မှူးချုပ် အလက်ဇန္ဒားဝီလျံဘရောင်းက မင်းသားမဟာရာဂျာဟာရီဆင်းကို အာဏာသိမ်းကာ အုပ်ချုပ်သူ ဗိုလ်မှူးချုပ် ဂန်ဆာရာဆင်းကို ဖမ်းဆီးသည့်အချိန် ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၁ ရက်မတိုင်မီက ဂေးလ်ဂစ်ဘောလ်တစ္စတန်သည် မင်းသားကြီးကဲအုပ်စိုးသော ဂျမူးနှင့်ကက်ရှ်မီးယားပြည်နယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။

လက်ရှိတွင် ဘာလိုချီစတန်ရှိ ဂွာဒါဆိပ်ကမ်းမြို့နှင့်နီးသော ဂေးလ်ဂစ်ဘောလ်တစ္စတန်နှင့် ပါကစ္စတန်-တရုတ်နယ်စပ်ဂိတ်မြို့ ဆော့စ်တို့သည် တရုတ်၏စီးပွားရေးချဲ့ထွင်မှုအစီအစဉ်အတွက် အဓိကသော့ချက်ဖြစ်သည်။ ဘာလိုချီစတန်ရှိ စစ်သွေးကြွများ၏ ဆူပူမှုကြောင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို ရပ်တန့်သွားစေခဲ့သည်။ တရုတ်စစ်တပ် (PLA) မှ ကြီးကြပ်သည်ဟု ဆိုကြသော ကြီးမားသော စစ်ဆင်ရေးသည် ဘာလိုချီစတန်သူပုန်များကို ချေမှုန်းရန် လုပ်ဆောင်နေသည်။

လက်ရှိအခြေအနေအရ ပါကစ္စတန်သိမ်းပိုက်ထားသောဂေးလ်ဂစ်ဘောလ်တစ္စတန်ဒေသရှိ နယ်ခံ မဟုတ်သူများကို သတ္တုတူးဖော်ခွင့်လိုင်စင်များ ထုတ်ပေးခြင်းလိုက်ခြင်းကြောင့် ဒေသခံများက စိုးရိမ် လာကြပြီး လနှင့်ချီ ဆန္ဒပြနေကြကာနိုင်ငံခြားသားများကို ထုတ်ပေးသည့် သတ္တုတူးဖော်ခွင့်လိုင်စင်များကို ပယ်ဖျက်ပေးရန် တောင်းဆိုနေကြသည်။

သိမ်းပိုက်ခံ ဂေးလ်ဂစ်ဘောလ်တစ္စတန်ကို ပါကစ္စတန်နိုင်ငံသို့ ပေါင်းထည့်ရန် ကြိုးပမ်းမှု၏ နောက်ထပ် အကြောင်းရင်းတစ်ရပ်မှာ ရေခဲမြစ်များမှ သန့်ရှင်းသော ရေများကို တရုတ်က လိုချင်နေသော ကြောင့်ဖြစ်သည်။

သိမ်းပိုက်ခံ ဂေးလ်ဂစ်ဘောလ်တစ္စတန်အား ၅ ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ရန် ပါကစ္စတန်၏ ဆုံးဖြတ်ချက်ကြောင့်ဒေသအတွင်းတွင် မကျေနပ်မှုများနှင့် ဆန့်ကျင်ကန့်ကွက်မှုဂယက်များ ဖြစ်ပေါ်လာသည်။

တစ်ဖက်တွင် ဒေသခံများ၏ ပုန်ကန်မှုအတွက် စစ်မှန်သော အကြောင်းရင်းတစ်ရပ်ဖြစ်နေသလို အခြားတစ်ဖက်တွင်လည်း ကုလသမဂ္ဂ၏စည်းမျဉ်းကို နောက်ထပ်ချိုးဖောက်သော နိုင်ငံဖြစ်လာမည်ဖြစ်သဖြင့် ပါကစ္စတန်အနေဖြင့် ထိုသို့သော စွန့်စားမှုမျိုးကို လုပ်နိုင်မည်လားဆိုသည်မှာ စဉ်းစားစရာပင်။

ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့က ဂေးလ်ဂစ်ဘော်လ်တစ္စတန်ဒေသကို သိမ်းပိုက်ရန် ကြိုးပမ်းသည့်အရွေ့သည် နှစ်လိုဖွယ်ကောင်းသော ကိစ္စရပ်တော့မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly