ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ အယောက် ၃၀ တွင် COVID-19 ရောဂါတွေ့

ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ အယောက် ၃၀ တွင် COVID-19 ရောဂါတွေ့

ကော့သောင်း၊ မတ်၊ ၃

ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာ နိုင်ငံသား ၁၂၉ဦးကို COVID-19 ရောဂါ စစ်ဆေးရာ ဦးရေ ၃၀ တွင် ရောဂါပိုး တွေ့ရှိရကြောင်း စစ်ကောင်စီ လက်အောက်ခံ ကော့သောင်းမြို့နယ် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ထိုမြန်မာရွှေ့ပြောင်း များသည် ဖမ်းဆီး ထိန်းသိမ်း ခံရပြီးနောက် လွတ်ရက်စေ့ကာ မတ်လ ၁ ရက်က တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ ထိုင်းနိုင်ငံ အာဏာပိုင်များက ပြန်လည် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ကော့သောင်းမြို့သို့ ရောက်ရှိပြီး နောက် Quarantine Center နှစ်ခုတွင် အမျိုးသား ၊ အမျိုး သမီး သီးခြားစီ ခွဲခြားထား၍ အထူး ကြပ်မတ်ကာ Facility Quarantine ၁၀ ရက် အသွား အလာ ကန့်သတ်ထားရှိစောင့်ကြည့်ပြီး မတ်လ ၂ ရက်နေ့က COVID-19 ရောဂါ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

#MizzimaTV

#ကော့သောင်း

#ထိုင်းနိုင်ငံ

#ကိုဗစ်၁၉

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required