တရုတ်က ပါဝါအပျော့ အားကောင်းလာစေရန် ယဉ်ကျေးမှု သိမ်းပိုက်ခြင်းကို အသုံးချနေ

တရုတ်က ပါဝါအပျော့ အားကောင်းလာစေရန် ယဉ်ကျေးမှု သိမ်းပိုက်ခြင်းကို အသုံးချနေ

တရုတ်က ပါဝါအပျော့နှင့် နယ်မြေပိုင်ဆိုင်မှု ကြေညာချက်များ အားကောင်းစေရန် ယဉ်ကျေးမှု သိမ်းပိုက်ရေး ကိရိယာများကို အသုံးပြုနေကြောင်း Global Strat View ၏ အစီရင်ခံစာတွင် ဖေဖော်ဝါရီလ ၂၄ရက်က ဖော်ပြထားသည်။

တရုတ်က ကွန်ဖြူးရှပ်ဌာနများ(CIs) ထူထောင်ကာ စစ်ရေးအင်အား မသုံးဘဲ ပါဝါအပျော့ နယ်နိမိတ် များကို ချဲ့ထွင်ခြင်းဖြင့် အရှေ့တောင်အာရှတွင် ယင်း၏ လုပ်ငန်းစဉ်ကို ချမှတ်ရန် ကြိုးပမ်းနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယဉ်ကျေးမှုတစ်ခုမှ တစ်စုံတစ်ဦးက အခြားယဉ်ကျေးမှု၏ ဖက်ရှင်၊ ကိုယ်စားပြုပုံသဏ္ဍာန်၊ အိုင်ဒီယာများ သို့မဟုတ် စတိုင်များကို ရယူသည့်အခါ ယဉ်ကျေးမှု သိမ်းပိုက်ခြင်း ဖြစ်ပေါ်လာသည်။

မကြာသေးမီက ပေကျင်းမြို့တွင်ကျင်းပသည့် ဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယား ဟန်ဘုခ်ဝတ်စုံကို တရုတ်မိန်းကလေးတစ်ဦး ဝတ်ဆင်ခြင်းသည် ယဉ်ကျေးမှု သိမ်းပိုက်သည့် ကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။

"တရုတ်က ကိုရီးယားယဉ်ကျေးမှုကို သူ့ကိုယ်ပိုင်လို ပေါင်းစည်းတာက ဒါက ပထမဆုံးမဟုတ်ပါဘူး" ဟု တောင်ကိုရီးယားအာဏာရပါတီမှ လွှတ်တော်အမတ် လီဆိုယန်း၏ ပြောကြားချက်ကို အစီရင်ခံစာတွင် ကိုးကားဖော်ပြခဲ့သည်။

လက်ရှိအခြေအနေကြောင့် ကိုရီးယားပြည်သူများက တရုတ်ဆန့်ကျင်ရေး ခံစားချက်များ ပိုမိုဆိုးရွားလာပါက တရုတ်နှင့် အနာဂတ် စေ့စပ်ညှိနှိုင်းမှုများအတွက် သိသိသာသာ အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုရီးယားနှင့် တရုတ်အကြား ယဉ်ကျေးမှုလွှမ်းမိုးမှုပြဿနာသည် သမိုင်း၊ ယဉ်ကျေးမှု၊ အဝတ်အစား၊ အစား အစာအထိ နယ်ပယ်စုံပြီး ကဗျာဆရာများနှင့် ရှေးခေတ်နိုင်ငံများ၏ နိုင်ငံနှင့် နိုင်ငံသားဖြစ်မှုများကို ငြင်းခုန်ရသည်အထိ ပတ်သက်မှုရှိခဲ့သည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တရုတ်၏ နည်းဗျူဟာ ရိုက်ခတ်မှုကို ခံနေရသည်။

၂၀၁၉ ခုနှစ်က 'Abominable' ဟု အမည်ပေးထားသည့် ရုပ်ရှင်တစ်ကားတွင် တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဘရူနိုင်း၊ ထိုင်ဝမ်နှင့် မလေးရှားတို့နှင့် အငြင်းပွားနေသော နယ်မြေတွင် တရုတ်၏တောင်းဆိုမှုကို သဘောတူ ထောက်ခံသည့်မြေပုံတစ်ခုကို ဖော်ပြခဲ့သည်။

ဗီယက်နမ်၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က ယင်းရုပ်ရှင်ကို ပိတ်ပင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly