ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး အိမ်ရာစီမံကိန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွါး

ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး အိမ်ရာစီမံကိန်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွါး

မတ် ၂

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး အိမ်ရာစီမံကိန်းအနီးတွင် ယမန်နေ့ မတ်လ ၁ရက် မွန်းလွဲ ၁ နာရီခွဲ က လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာမန္တလေးအိမ်ရာတွင်ညနေထိုင်သူထံက သိရသည်။

“ဖြစ်တာက Pullman Hotel နားမှာပါ။ ဟိုတယ်နားက လမ်းဘေးပလက်ဖောင်း မှာဖြစ်တာ၊ လူထိခိုက်မှုမရှိဘူး” ဟု မင်္ဂလာမန္တလေးအိမ်ရာနေ ထိုင်သူတစ်ဦးက ပြောသည်။

ယခုပေါက်ကွဲမှုမှာ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး အိမ်ရာစီမံကိန်း Pullman Hotel အနီးပလက်ဖောင်းတွင် “သတိ ပေါက်ကွဲတတ်သည်” ဟုရေးထားသည့် စက္ကူပုံးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် ပလက်ဖောင်း ကျိုးပဲ့ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း စစ်ကောင်စီ၏ နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၄ နာရီ၀န်းကျင်အခကလည်း ထိုနေရာအနီးတွင် အလားတူပေါက်ကွဲမှုဖြစ်ပွါးခဲ့ရာ လက်လုပ်မိုင်း လာထောင်သည့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သေးသည်။

#MizzimaTV

#မန္တလေး

#ပေါက်ကွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly