ကနေဒါ၌ သူလျှိုလုပ်မှုတွင် တရုတ်နိုင်ငံသားများရေးရာရုံး ပါဝင်ပတ်သက်နေ

ကနေဒါ၌ သူလျှိုလုပ်မှုတွင် တရုတ်နိုင်ငံသားများရေးရာရုံး ပါဝင်ပတ်သက်နေ

ပြည်ပရောက် တရုတ်နိုင်ငံသားများရေးရာရုံး(OCAO) သည် ကနေဒါ၏အကျိုးစီးပွားများကို ထိခိုက်စေသော သူလျှိုအမှုတွင် ပါဝင်ပတ်သက်နေသည်ဟု National Post သတင်းဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။

ဖယ်ဒရယ်တရားရုံး တရားသူကြီးတစ်ဦးဖြစ်သည့် ဗက်နက်ဆာရော့ချက်စတာက ရရှိထားသော သက်သေအထောက်အထားအရ OCAO သည် သူလျှိုလုပ်ခြင်းတွင် ပါဝင်ပတ်သက်ကြောင်း ကောက်ချက် ချရန် ကျိုးကြောင်းဆီလျော်သည်ဟု တရားရေးဆိုင်ရာသုံးသပ်ချက်တွင် ဆိုထားသည်။

တရုတ်နိုင်ငံရှိ OCAO တွင် နှစ်ပေါင်း ၂၀ ကြာ အလုပ်လုပ်ခဲ့သည့် တရုတ်ဇနီးမောင်နှံနှစ်ဦးအား နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခြင်းအားလျှောက်ထားချက်ကို တရားရုံးက ကြားနာခဲ့သည်။ ရရှိထားသော အထောက် အထားသည် ကျိုးကြောင်းဆီလျော်သည်ဟုဆိုကာ နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်းကို တရားရုံးက အတည်ပြု ထောက်ခံထားသည်။

OCAO သည် တရုတ်ကွန်မြူနစ်ပါတီ၏ United Front Work ဌာနလက်အောက်ရှိ အေဂျင်စီတစ်ခုဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းသည် ပြည်ပအခြေချသည့် တရုတ်လူမျိုးများအဖွဲ့ဝင်များကို ထောက်ပံ့ကူညီသည်။

တရုတ်လူမျိုး ကနေဒါနိုင်ငံသားများကို သြဇာလွှမ်းမိုးရန်နှင့်စောင့်ကြည့်ရန် ကာလကြာရှည် ကြိုးပမ်း နေသော်လည်း အဆိုပါ အဖွဲ့အစည်းသည် လူသိရှင်ကြား ဆင့်ခေါ်ခြင်း မခံရကြောင်း ပေကျင်းဆိုင်ရာ သံတမန်ဟောင်းလည်းဖြစ်Macdonald-Laurier အင်စတီကျူမှ အကြီးတန်းအဖွဲ့ဝင်လည်းဖြစ်သည့် ချားလ်စ်ဘာတန်၏ ပြောကြားချက်ကို ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

“မေးခွန်းတွေကို ရှောင်ဖယ်တာတွေရပ်ပြီး တရုတ်သူလျှိုတွေ၊သူလျှိုလုပ်မှုတွေနဲ့ ဒီနိုင်ငံမှာ အတိုက်အခံတွေနှောက်ယှက်ခံရတာတွေကို ရင်ဆိုင်ဖို့ အချိန်ရောက်ပါပြီ” ဟု တရုတ်ဒီမိုကရေစီဆိုင်ရာ တိုရွန်တိုအဖွဲ့အစည်းမှ ချောက်ကွမ်က ပြောသည်။

“ကနေဒါလုံခြုံရေးဆိုင်ရာထောက်လှမ်းရေးအဖွဲ့နဲ့ ကနေဒါတော်ဝင်ရဲတပ်ဖွဲ့ ( RCMP) တို့က တရုတ်အဖွဲ့အစည်းတွေရဲ့ နှောင့်ယှက်မှုနဲ့ပတ်သက်ပြီး အစိုးရကို အကြံပြုခဲ့ကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေက နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ သတင်းအချက် အလက်တွေကို ထိမ်ချန်ထားလေ့ရှိပါတယ်” ဟု ဘာတန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly