ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် တရုတ်စီးပွားရေး အနည်းငယ်သာ ကျဆင်းနိုင်

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် တရုတ်စီးပွားရေး အနည်းငယ်သာ ကျဆင်းနိုင်

ယူကရိန်းကို ကျူးကျော်မှုကြောင့် အမေရိကန်နှင့် ဥရောပမဟာမိတ်များ၏ ပိတ်ဆို့အရေးယူမှုများ အများအပြား ရင်ဆိုင်နေရချိန်တွင် ရုရှားနှင့် တရုတ်တို့၏ ခိုင်မာအားကောင်းသော ကုန်သွယ်ရေး ဆက်ဆံရေးကြောင့် ရုရှားအား တရုတ်က စီးပွားရေးနှင့် သံတမန်ရေးရာ အကူအညီများ ပေးနိုင်သည့် အနေအထားတွင် ရှိနေသည်။

သမ္မတ ဗလာဒီမာပူတင်သည် ဖေဖော်ဝါရီလ ၂၁ရက်တွင် ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ဒေသနှစ်ခုကို တရားဝင်အသိအမှတ်ပြုပြီးနောက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် တရုတ်စီးပွားရေးအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိနေပြီး တရုတ်သည် သက်သာသော ရေနံ ဈေးနှုန်းများအပါအဝင် ဖြစ်နိုင်ချေရှိသော ပဋိပက္ခများမှ အကျိုးအမြတ်များ ရရှိနိုင်သည့် အလားအလာလည်း ရှိကြောင်း လေ့လာသူများက ပြောကြားသည်။

ဖေဖော်ဝါရီလအစောပိုင်းက ပေကျင်းမြို့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး နှစ်ပတ်ကျော်အကြာတွင် ယူကရိန်း၏ ဒွန်ဘတ်ဒေသဟု လူသိများသော ဒွန်တက်ခ်နှင့် လူဟန့်ခ်ဒေသများကို ခွဲထွက်ဒေသများအဖြစ် အသိအမှတ် ပြုကြောင်း ရုရှားသမ္မတပူတင်က ကြေညာခဲ့သည်။

ယင်းအကျပ်အတည်းပိုမိုဆိုးရွားလာခြင်းကြောင့် နိုင်ငံတကာ၏ ရှုတ်ချမှုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပိတ်ဆို့အရေးယူမှုများကို အလျင်အမြန်လုပ်ဆောင်ခဲ့ကာ ခွဲထွက်ဒေသများတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းရန်နှင့် ရုရှားကျောထောက် နောက်ခံ ပေးထားသည့် ခွဲထွက်ရေးသူပုန်များ

ထိန်းချုပ်ထားသော နယ်မြေများမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်သည့် သမ္မတအမိန့်ကြေညာချက် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

" ဒွန်တက်ခ်နှင့် လူဟန့်ခ်ဒေသများတွင် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများကို ပစ်မှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှား-တရုတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပေါ် သက်ရောက်မှုမှာအကန့်အသတ်ဖြင့်သာ ထိခိုက်နိုင်သည် " ဟု မော်စကိုမြို့ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ တွဲဖက်ပါမောက္ခ အန်နာကရီဗာက ပြောကြားခဲ့သည်။

"Novatekကဲ့သို့သော အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့ ပြစ်မှတ်ထားခံနေရသော ရုရှားစွမ်းအင်ကုမ္ပဏီများနှင့် တရုတ်က စီးပွားရေးလုပ်ဆောင်နေခြင်းကြောင်း နှစ်နိုင်ငံစလုံးသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံပိုင် ဘဏ်များ၏ ငွေကြေးထောက်ပံ့မှုတို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ ပျက်စီးဆုံးရှုံးမှုကို အကာအကွယ် ပေးနိုင်ကြောင်း” ဆိုသည်။

“ရုရှားဘဏ်များကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းသည် တရုတ်ဘဏ်များကို ယင်းတို့နှင့် ငွေကြေးဆိုင်ရာ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ပိုမိုခက်ခဲစေမည်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုကို လျော့ပါးစေရန်နှင့် နိုင်ငံတော် ငွေကြေးစနစ် ကုန်သွယ်မှုဝေစုကို တိုးမြှင့်ရန် ဘဏ်လုပ်ငန်းကဏ္ဍများအကြား လုပ်ငန်း အဆင့် လမ်းကြောင်းများ ထူထောင်ရန် ပိုမိုအရေးကြီးသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သော်လည်း အမေရိကန်၏ ဖိအားပေးမှုများကြားမှ တရုတ်သည် အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ ရပ်တည်ချက်ကို ရှောင်ရှားခဲ့သည်။

ဗြိတိန်၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့ကလည်း ပိတ်ဆို့ကန့်သတ်ချက်များပြုလုပ်နေချိန်တွင် အမေရိကန်က ဖေဖော်ဝါရီလ ၂၂ရက်တွင် ပိတ်ဆို့အရေးယူမှုများကို ထပ်မံကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly