COVID-19 ကြောင့် ယာယီပိတ်ထားသည့် ရန်ကုန်ဆေးရုံကြီး ပြန်ဖွင့်

COVID-19 ကြောင့် ယာယီပိတ်ထားသည့် ရန်ကုန်ဆေးရုံကြီး ပြန်ဖွင့်

မတ်လ ၁ ရက်

COVID-19 ကြောင့် ယာယီပိတ်ထားသည့် ရန်ကုန်ဆေးရုံကြီးရှိ ဌာနအချို့ကို  ပုံမှန် အချိန်ဇယားအတိုင်းပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း မတ် ၁ရက် ည ၉ နာရီတွင် ရန်ကုန်ဆေးရုံကြီးမှ ထုတ်ပြန်ထားသည်။

ရန်ကုန်ဆေးရုံကြီးရှိ အထူးကုပြင်ပဌာန ခြောက်ခုကို ဖေဖော်ဝါရီ ၁၁ရက်နှင့် ၁၄ရက်မှ စတင်၍ ယာယီပိတ်သိမ်းထားခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ ပိတ်သိမ်းရခြင်းနှင့်ပတ်သက်၍ အထူးကုပြင်ပလူနာဌာနများမှ ဆရာဝန်ကြီးများ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ COVID-19 ရောဂါခံစားနေရခြင်းကြောင့်ဟု ရန်ကုန်ဆေးရုံကြီးမှ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာယီပိတ်သိမ်းထားခဲ့သည့် ဌာနများမှာ  နှလုံးဆေးကုဌာန၊  အကြောအဆစ်အထူးကုဌာန၊ ကင်ဆာဆေးဌာန၊ အထွေထွေအထူးကုသမားတော်ဌာန ၊ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဌာနနှင့် ဟောမုန်းရောဂါအထူးကုဌာနတို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required