“တိုင်းပြည်ကြီးက နာနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၃၈၇ ရက်မြောက် ချီတက်ဆန္ဒပြ

“တိုင်းပြည်ကြီးက နာနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၃၈၇ ရက်မြောက် ချီတက်ဆန္ဒပြ

#စစ်ကိုင်းတိုင်း၊ #ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် #စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၃၈၇ မြောက်အဖြစ်  ယနေ့ မတ်လ ၁ ရက်တွင် ချီတက် ဆန္ဒပြသည်။

“တိုင်းပြည်ကြီးက နာနေပြီ မင်းတို့တွေက သွေးအေးတုန်းလား” စာတမ်းကိုင်စွဲ၍ ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly