လစာ မရခြင်းကြောင့် ပါကစ္စတန်အစိုးရဝန်ထမ်းများ ဆန္ဒထုတ်ဖော်

လစာ မရခြင်းကြောင့် ပါကစ္စတန်အစိုးရဝန်ထမ်းများ ဆန္ဒထုတ်ဖော်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့မှ အစိုးရဝန်ထမ်းများသည် ၎င်းတို့၏ လစာနှင့် ပင်စင်ငွေများ မရရှိသေးသည့်အတွက် ပြီးခဲ့သည့် ရက်များအတွင်းက အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ရေနှင့် သန့်ရှင်းမှု အေဂျင်စီ (WASA) ၊ ကွက်တာမြို့ မက်ထရိုပိုလစ်တန် ကော်ပိုရေးရှင်း (MCQ) နှင့် အခြားသော ဘာလိုချီစတန် မြူနီစီပယ် ကော်မတီများမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြသည်။

ဆန္ဒပြသူများက အစိုးရကို အပြင်းအထန် ဝေဖန်ခဲ့ကြပြီး ၎င်းတို့၏ လိုလားချက်များ ဖြည့်ဆည်းပေးရေး အစိုးရကို တောင်းဆိုသည့် ကြွေးကြော်သံများကိုလည်း အော်ဟစ်ခဲ့ကြကြောင်း The Express Tribune သတင်းစာတွင် ဖော်ပြသည်။

ဘာလိုချီစတန် အလုပ်သမားဖက်ဒရေးရှင်း၏ တောင်းဆိုဆော်ဩမှုအရ ဖေဖေါ်ဝါရီ ၁၆ ရက်တွင် ဆန္ဒပြစုဝေးပွဲတစ်ခုကို ကွက်တာမြို့ရှိ ဝှိုက်လမ်း နှင့် ဇာဂွန်းလမ်း မြူနီစပီပယ်ကော်ပိုရေးရှင်းတို့တွင် ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် အက်ဒ်ဟီ ချော့ခ် အရပ်တွင်လည်း ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြပွဲတွင် ရာနှင့်ချီသော အစိုးရဝန်ထမ်းများ၊ အလုပ်သမားများ ပါဝင်ခဲ့ကြသည်။

အလုပ်သမားများအပေါ် ဆန့်ကျင်သည့် မူဝါဒများ ရှိနေခြင်းနှင့်ပတ်သက်ပြီး ဘာလိုချီစတန် အလုပ်သမားဖက်ဒရေးရှင်း၏ ခေါင်းဆောင်များက ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးနှင့် ဘဏ္ဍာရေးအတွင်းဝန်တို့အပေါ် ပြစ်တင်သွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly