ပစ္စည်းထုတ်လုပ်တင်ပို့သည့်ကဏ္ဍတွင် အခွင့်အရေးချိုးဖောက်မှုအပေါ် အပြစ်ပေးမည့်ဥပဒေကို အီးယူ ထုတ်ပြန်

ပစ္စည်းထုတ်လုပ်တင်ပို့သည့်ကဏ္ဍတွင် အခွင့်အရေးချိုးဖောက်မှုအပေါ် အပြစ်ပေးမည့်ဥပဒေကို အီးယူ ထုတ်ပြန်

ဥရောပသမဂ္ဂ(အီးယူ) တွင် လည်ပတ်နေသော ကုမ္ပဏီကြီးများသည် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များတွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများအတွက် ဒဏ်ကြေး များစွာ ချမှတ်ခံရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်ကထုတ်ပြန်သည့် စည်းမျဉ်းအသစ်များ၌ ဖော်ပြထား သည်။

South China Morning Post မှ တွေ့မြင်ရသည့် ဥပဒေမူကြမ်းအရ အဆိုပါဥပဒေတွင် အဓမ္မလုပ်အားဖြင့်ခိုင်းသည့် ကုန်ပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ရောင်းချခြင်းဆိုင်ရာ တားမြစ်ချက် မပါဝင်ပေ။

ယင်းအစား အီးယူသည် လေ့လာသူများနှင့် အစိုးရများက အဓမ္မလုပ်အားခိုင်းစေမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသည်ဟု စွပ်စွဲထားသော တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသမှ ပြုလုပ်သော ကုန်ပစ္စည်းပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နှင့်ပတ်သက်၍ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ သီးခြားတားမြစ်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကာ နှစ်ပေါင်းများစွာ ကြာနိုင်ပေသည်။

ယခုဥပဒေသည် အီးယူကုမ္ပဏီပေါင်း ၁၃ ၀၀၀ နှင့် အီးယူနိုင်ငံများမှမဟုတ်သော ကုမ္ပဏီပေါင်း ၄ ၀၀၀ အပေါ် သက်ရောက်မည်ဟု ခန့်မှန်းထားသည်။

ပစ္စည်း ထုတ်လုပ်တင်ပို့သည့် ကွင်းဆက်များတွင် အလွဲသုံးစားလုပ်မှုများရှိကြောင်း တွေ့ရှိရသည့် အရွယ်အစားကြီးမားသော နိုင်ငံတကာကုမ္ပဏီများသည် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

ဤကုမ္ပဏီများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ အဓမ္မလုပ်အားဆိုင်ရာ ပဋိညာဉ်များ အပါအဝင် ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များတွင် နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်မှုအတွက် တာဝန်ယူရမည်ဖြစ်ပြီး ၎င်းတို့၏ ပေးသွင်းသူများနှင့် ဝယ်သူများ စည်းမျဉ်းချိုးဖောက်မှုများ ရှိ/မရှိ ပုံမှန် စာရင်းစစ်နေကြောင်း အသေးစိတ်အထောက်အထားများ ပြသရမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် လည်ပတ်နေသော ကုမ္ပဏီများအတွက်မူ စောင့်ကြည့်စစ်ဆေးရန်နှင့် စည်းကမ်းလိုက်နာရန် ခက်ခဲနိုင်သည်။ တရုတ်နိုင်ငံသည် ILO သဘောတူညီချက် ၂၆ ချက်အနက် အချက် ၂၀ သာ လက်မှတ်ရေးထိုးထားပြီး အဓမ္မအလုပ်ခိုင်းစေမှု၊ အသင်းအဖွဲ့ဆိုင်ရာလွတ်လပ်ခွင့်နှင့် အလုပ်ရှင်အလုပ်သမားအကြား ညှိနှိုင်းမှုများကို သဘောတူလက်ခံထားခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly