ဖမ်းဆီးခံထားရသည့်ဝီဂါစီးပွားရေးသမား၏ ဘဏ်အပ်ငွေများကို တူရကီလူလိမ်များက ခိုးယူရန်ကြိုးပမ်း

ဖမ်းဆီးခံထားရသည့်ဝီဂါစီးပွားရေးသမား၏ ဘဏ်အပ်ငွေများကို တူရကီလူလိမ်များက ခိုးယူရန်ကြိုးပမ်း

တူရကီမှ လူလိမ်များသည် တရုတ်နိုင်ငံ ရှင်ကျန်းဒေသတွင် ထောင်ဒဏ် ၂၅ နှစ် ကျခံနေရသော ဝီဂါစီးပွားရေးသမား အက်ဘာအီမင်၏ ဘဏ်အကောင့်မှ ငွေများကို ခိုးယူရန် ကြိုးပမ်းခဲ့ကြသည်။

ရာဇဝတ်သားများသည် အက်ဘာ၏ဘဏ်အကောင့်မှ တူရကီလီရာငွေ ၂၂၅ သန်း (အမေရိကန်ဒေါ်လာ ၁၆ သန်း) လွှဲပြောင်းရန် စာရွက်စာတမ်းအတုများကို အသုံးပြုခဲ့ကြောင်း ဆောင်းပါးရှင်ဂျီလီမူရှာက RFA တွင်ရေးသားခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်က တူရကီနှင့်တရုတ်နိုင်ငံတို့က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေးငွေကြေးထောက်ပံ့မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့်အချိန်ဝန်းကျင်က အီမင်၏အမှုကို တူရကီမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည့် သီးခြားပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်ချက်အချက်အလက်များကို နှစ်ဖက်စလုံးက အချင်းချင်း ပေးဆောင်ရန်ဟူသော သဘောတူညီချက်သည် တူရကီရှိ ဝီဂါများ၏ ငွေကြေးနှင့်စီပွားရေးလုံခြုံမှုအတွက် ဝီဂါလူ့အခွင့်အရေ းအဖွဲ့များ အကြား စိုးရိမ်မှုဖြစ်စေခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်သည် တူရကီ၏ တာဝန်ဝတ္တရားများကို သတ်မှတ် မထားသော်လည်း တူရကီတွင်နေထိုင်သော ဝီဂါများအတွက် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း တူရကီရှိ ဝီဂါဒုက္ခသည်များကို ကိုယ်စားပြုသည့် ရှေ့နေ အဗ္ဗဒူလာတီကစ်က ပြောသည်။

တရုတ်က အီမင်အား ကိုယ်စားလှယ်တစ်ဦးကိုတာဝန်ပေးရန် အတင်းအကျပ်စေခိုင်းမည်ဆိုပါ ကငွေများသည် တရုတ်နိုင်ငံသို့ ရောက်သွားမည်ဖြစ်ကာ တူရကီရှိ အီမင်၏မိသားစု ရနိုင်တော့ဖွယ်မရှိကြောင်း တီကစ်က ပြောသည်။

အီမင်သည် Guzel Makan (Beautiful Land) အိမ်ခြံမြေကုမ္ပဏီနှင့် ဟိုတန်မြို့ရှိ အခြားကုမ္ပဏီများစွာ၏ အကြီးအကဲဖြစ်သည်။

နိုင်ငံခြားအဆက်အသွယ်ရှိခြင်းနှင့် သူတည်ဆောက်ခဲ့သော အဆောက်အအုံများတွင် လူမျိုးရေးနှင့်ဘာသာရေးအင်အားစုများကို စုစည်းစေကာ အစွန်းရောက်ဝါဒဖြန့်ခြင်းအတွက် တရုတ်အာဏာပိုင်များက ၂၀၁၈ ခုနှစ်တွင် အီမင်အား ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ကြောင်း ဂျီလီက RFA တွင်၂၀၂၀ ခုနှစ် ဇန်နဝါရီလက ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly