ထိုင်ဝမ်တွင် ယူကရိန်းကဲ့သို့ အခြေအနေမျိုး မဖြစ်နိုင်ဟု တရုတ်ပြောကြား

ထိုင်ဝမ်တွင် ယူကရိန်းကဲ့သို့ အခြေအနေမျိုး မဖြစ်နိုင်ဟု တရုတ်ပြောကြား

ထိုင်ဝမ်သည် ပိုင်နက်နယ်မြေ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်အစိုးရက တစ်နို်ငငံတည်း မူဝါဒကို စွဲကိုင်ကာ ဖေဖော်ဝါရီလ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ထိုင်ဝမ်ကို ပိုင်နက်အစိတ်အပိုင်းအဖြစ် တောင်းဆိုသည့် တရုတ်တစ်နိုင်ငံတည်းသာရှိကြောင်း အလေးအနက် ပြောကြားခဲ့သည်။

“ဒါက ငြင်းခုံလို့မရနိုင်တဲ့ သမိုင်းကြောင်းနဲ့ တရားရေးဆိုင်ရာ အချက်ပါ။ တရုတ်တစ်နိုင်ထဲမူဝါဒက နိုင်ငံတကာ ဆက်ဆံရေးကို စိုးမိုးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု စံနှုန်းတစ်ခုပါ” ဟု တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အတိုင်း ၎င်းက ပြောကြားခဲ့သည်။

"တရုတ်ပြည်သူများသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ခိုင်မာသောသန္နိဌာန်နှင့် စွမ်းရည်များရှိသည်" ဟု ၎င်းက ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းအခြေအနေအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ဝေဘင်းက သဘောထားကွဲလွဲမှုများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ညှိနှိုင်းဖြေရှင်းသင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှား၏ ယူကရိန်းအား သီးခြားနိုင်ငံအဖြစ် သတ်မှတ်ခြင်း မဟုတ်ဘဲ ထိုင်ဝမ်အပေါ် တရုတ်၏ တောင်းဆိုချက် များနှင့် နှိုင်းယှဉ်မေးခွန်းထုတ်ပြီးနောက် ဝမ်ဘင်း၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းကို ကွန်မြူနစ် အုပ်ချုပ်မှုအောက်မှာ ရုရှားက လုံးလုံးလျားလျား ဖန်တီးခဲ့တာဖြစ်သော်လည်း အစွန်းရောက်သမားများက ယူကရိန်းလွတ်လပ်ရေး အတွက် အသားယူပြောကြားနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly