ပေကျင်းအိုလံပစ်တွင် တရုတ်အရာရှိတစ်ဦး၏ မမှန်ကန်သည့် မှတ်ချက်ကို ထိုင်ဝမ်ကန့်ကွက်

ပေကျင်းအိုလံပစ်တွင် တရုတ်အရာရှိတစ်ဦး၏ မမှန်ကန်သည့် မှတ်ချက်ကို ထိုင်ဝမ်ကန့်ကွက်

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ် အပိုင်းတစ်ခုဖြစ်ကြောင်း ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ်အရာရှိတစ်ဦး၏ ပြောကြားခြင်းအပေါ် ထိုင်ဝမ်အစိုးရက ဖေဖော်ဝါရီ ၁၈ရက် တွင် ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းမှတ်ချက်သည် မမှန်ကန်သည့် နိုင်ငံရေးဝါဒဖြန့်မှုဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပေကျင်းအိုလံပစ်အားကစားပွဲတော်ကျင်းပရေး ကော်မတီ (BOCOG) ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ယန်ကျားရုန်က ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ရက်တွင် မေးမြန်းချက်အပေါ် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်၏ရပ်တည်ချက်ကို အခိုင်အမာပြောကြားခဲ့သည်။

“ကျွန်မပြောချင်တာက ကမ္ဘာမှာ တရုတ်တစ်နိုင်ငံထဲ ရှိပါတယ်။ ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါက နိုင်ငံတကာဆက်ဆံရေးရဲ့ ကျယ်ပြန့်တဲ့ အသိအမှတ်ပြုမှု တစ်ရပ်ဖြစ်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းမှာ သဘောတူညီမှု ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်ဟောင်း ယန်ကျားရုန်က ပြောကြားခဲ့သည်။

ရှင်ကျန်းနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း ယန်က အလားတူတုံ့ပြန်ခဲ့ပြီး ဒေသတွင်းရှိ အဓမ္မ လုပ်အားပေးစခန်းများအကြောင်းနှင့် ပတ်သက်သော သတင်းများကို “မုသား” ဟု ဆိုကာ "အချို့အဖွဲ့အစည်းတွေက မလိုမုန်းထားတဲ့ ရည်ရွယ်ချက်" ပြောဆိုနေကြသည်ဟု ယန်က ဆိုခဲ့ကြောင်း Taipei Times ကဖော်ပြခဲ့သည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ၏ ပြောရေးဆိုခွင့်ရှိသူ မတ်ခ်အဒမ်တက်ရောက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးကို ကိုင်တွယ်သည့် ထိုင်ဝမ်ထိပ်တန်းအစိုးရဌာနဖြစ်သော ထိုင်ဝမ်ပြည်မ ကြီးရေးရာကောင်စီ (MAC) က ဖေဖော်ဝါရီလ ၁၈ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုင်ဝမ်ပြည် သူများသည် ထိုင်ဝမ်နှင့် တရုတ်သည် နိုင်ငံတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြသော အိုင်ဒီယာ ဖြစ်သည့် တရုတ်တစ်နိုင်ငံမူဝါဒကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

"တရုတ်သမ္မတနိုင်ငံ(ထိုင်ဝမ်)သည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ (တရုတ်ပြည်မကြီး)၏ တစ်စိတ်တစ်ပိုင်းမဟုတ်ကြောင်း" MAC က ပြောကြားခဲ့ပြီး နိုင်ငံတကာအားကစား လှုပ်ရှားမှုများတွင် ဝင်ရောက်စွက်ဖက်ရန် တရုတ်နိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုကို ရှုတ်ချကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယန်၏ ပြောဆိုချက်များကို မမှန်ကြောင်း ငြင်းဆိုခဲ့ပြီး အဆိုပါ မှတ်ချက်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ပြောကြားခဲ့ကြောင်း Taipei Times သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly