လှည်းကူးမြို့နယ်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၃ဦးရှိ

လှည်းကူးမြို့နယ်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၃ဦးရှိ

မတ် ၁ ၊၂၀၂၂ 

#ရန်ကုန်တိုင်း၊ #လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း #COVID-19 ရောဂါဖြင့် သေဆုံးသူ သုံးဦးရှိကြောင်း မြို့နယ်ရှိ #လူမှုကူညီရေးအသင်း အဖွဲ့ဝင်များထံက  သိရသည်။

ဖေဖော်ဝါရီလ ၂၈ရက်တွင် #ပိုက်ကြီးဝဲကျေးရွာ တွင်နေထိုင်သူ အသက် ၆၇ နှစ်အရွယ်  အမျိုးသမီး၊ ဖေဖော်ဝါရီ ၁၉ရက်တွင် အမှတ် (၇)လမ်းဆုံ၊ တံခွန်တိုင်ကျေးရွာ တွင်နေထိုင်သည့် အသက် ၂၈နှစ်အရွယ် အမျိုးသား နှင့် ဖေဖော်ဝါရီ ၁၄ ရက်က သိမ်ကုန်းကျေးရွာတွင်နေထိုင်သူ အမျိုးသားသေဆုံးခဲ့ကြောင်း သိရသည်။ 

အမျိုးသမီး နာရေးကိစ္စတွင် ဆေးရုံမော်ကျူရီ မှတစ်ဆင့် နိဗ္ဗာန်ယာဥ် ဖြင့် ပို့ဆောင်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းတို့အား အခမဲ့ကုသိုလ်ပြု ကူညီဆောင်ရွက်ခဲ့သည်ဟု ကရုဏာရှင် လူမှုကူညီရေးအသင်းက သိရသည်။

သေဆုံးသူ အမျိုးသားများမှာ  လှည်းကူးမြို့နယ်ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး နာရေးကို ကရုဏာရှင်လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်​။

သေဆုံးသူများသည် COVID-19 အတည်ပြုလူနာများဖြစ်ပြီး ဗီဇမျိုးကွဲအသွင်ပြောင်းဗိုင်းရပ်စ်ပိုး အိုမီခရွန် ကူးစက်ခံရခြင်းရှိ၊ မရှိကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ ဖေဖော်ဝါရီ ၂၈ရက် ည၌ လှည်းကူးမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၁၄ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- COVID-19 ရောဂါကြောင့်သေဆုံးသော ပိုက်ကြီးဝဲကျေးရွာနေ အမျိုးသမီး၏ နာရေး။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly