မိတ်ကပ် မေဦးမှ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် မိတ်ကပ်သင်တန်း ဖွင့်လှစ်

မိတ်ကပ် မေဦးမှ နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် မိတ်ကပ်သင်တန်း ဖွင့်လှစ်

ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံကိုချစ်တဲ့အပြင် နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ယခုချိန်အထိ အမြဲတန်း စိတ်ဝင်တစားထမ်းဆောင်ချင် နေသော မိတ်ကပ် ပညာရှင် မေဦး က ဖေဖော်ဝါရီ၂၇ရက် မှာ မိတ်ကပ်အလှပြင် သင်တန်းကို နယူးယောက်မြို့Queensရှိ သမိုင်းဝင်အဆောက်အဦးတခုရဲ့ ခန်းမမှာ ပြုလုပ်ကျင်းပခဲ့ပါသည်။

သင်တန်းတွင် နယူးယောက်အနီးအနားတဝိုက်ရှိ ဝါသနာရှင်စိတ်ဝင်စားသူ၂၅ ဦး ကို အလှဆုံးဖြစ်‌​အောင် မိတ်ကပ်လိမ်းခြယ်နည်းကို သင်တန်းပို့ချပေးသွားပါသည်။

သင်တန်းမှရရှိလာသည့် သင်တန်းကြေးများကိုလည်း နွေဦးတော်လှန်ရေးအတွက် လိုအပ်သောနေရာများသို့ အကုန်လုံးကို လှူဒါန်းပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နယူယောက်မြို့မှာပြုလုပ်သည့် ရန်ပုံငွေပွဲအတွက် မေဦး ရဲ့ self make up classတွင် “ကျောက်ဖုရားမှ ဧရာဝတီ” ဇာတ်လမ်းတွဲမှ နှင်းသွေးယုအောင်က ကူညီပံပိုးပေးခဲ့ပါသည်။

#MizzimaTV

#မိတ်ကပ်မေဦး

#နွေဦးတော်လှန်ရေး

#ရန်ပုံငွေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly