အီရတ်တွင် အိုင်အက်စ်က ကျွန်အဖြစ် ဖမ်းဆီးထားသော လူ ၃,၅၀၀ခန့်ရှိ

အီရတ်တွင် အိုင်အက်စ်က ကျွန်အဖြစ် ဖမ်းဆီးထားသော လူ ၃,၅၀၀ခန့်ရှိ

ဂျီနီဗာ၊ ဇန်နဝါရီ ၁၉ ။          ။ အဓိကအားဖြင့် အမျိုးသမီးများနှင့် ကလေးများဖြစ်သော လူ၃,၅၀၀ခန့်ကို အိုင်အက်စ်စစ်သွေးကြွတို့က အီရတ်တွင် ထိန်းသိမ်းထားသည်ဟု ကုလသမဂ္ဂက ဇန်နဝါရီ ၁၉တွင် ထုတ်ပြန်သည်။

အိမ်နီးချင်းဆီးရီးယားရှိ နယ်မြေအများအပြားကိုလည်း သိမ်းပိုက်ထားသော အိုင်အက်စ်စစ်သွေးကြွအုပ်စုသည် ကြီးမားကျယ်ပြန့်သည့်ပြစ်မှုများကိုကျူးလွန်နေပြီး စစ်ရာဇဝတ်မှုများ၊ လူသားချင်းစာနာမှုကိုဆန့်ကျင်သည့်ပြစ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုမျိုးကိုပင်ကျူးလွန်နိုင်ဖွယ်ရှိသည်ဟု့အစီရင်ခံစာက ဆိုသည်။

လောလောဆယ် လူ ၃,၅၀၀ခန့်မှာ အိုင်အက်စ်တို့က ကျွန်အဖြစ်ဖမ်းဆီးထားသည်ဟု အီရတ်ဆိုင်ရာကုလအကူအညီပေးရေးမစ်ရှင်နှင့် ကုလလူ့အခွင့်အရေးရုံးက ခန့်မှန်းထားသည်။

 ယင်းကဲ့သို့ ဖမ်းဆီးခံထားရသူများအနက် အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ပြီး ၎င်းတို့မှာ အဓိကအားဖြင့် ယာဇီဒီလူ့အဖွဲ့အစည်းမှ လာသည်ဆိုသည်။ သို့သော်လည်း လူနည်းစုနှင့် ဘာသာရေးလူနည်းစုအသိုင်းအဝိုင်းတို့မှလည်း အများအပြားပါဝင်သည်ဟု ဂျီနီဗာတွင် ထုတ်ပြန်ခဲ့သော ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly