ဖားကန့်မြို့နယ် မနမှော် ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျ

ဖားကန့်မြို့နယ် မနမှော် ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျ

ဖေဖော်ဝါရီလ ၂၇ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက် ၄ နာရီခန့်က မနမှော် အနီးရှိ ကျောက်စိမ်းလုပ်ကွက် နွံကန်ပြိုကျကာ အနီးရှိ တူးလက်စ ကျောက်စိမ်းလုပ်ကွက် ထဲသို့ နွံများ စီးဝင်ခဲ့ကြောင်း သိရသည်။

နွံကန်ပြိုကျမှုကြောင့် လူအသေ အပျောက် မရှိခဲ့သော်လည်း ရေမဆေး ကျောက်ရှာနေသူများ အမြန် ထွက်ပြေးခဲ့ရပြီး အနီးရှိ ဈေးဆိုင်ခန်းများသို့ နွံများ စီးလာသောကြောင့် အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

တူးလက်စ ကျောက်စိမ်းလုပ်ကွက်ထဲ နွံများ စီးဝင်လာသောကြောင့် အဆိုပါ နေရာတွင် ကျောက်တူးဖော် နေသော လုပ်ကွက်များ အားလုံး ရပ်နားလိုက်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၁၈ ရက် မနက်ကလည်း အဆိုပါ နွံကန် လျှံထွက် လာသောကြောင့် အနီးရှိ လုပ်လက်စ ကျောက်စိမ်းလုပ်ကွက်ထဲ နွံများ စီးဝင်မှုဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လခန့်ကလည်း အဆိုပါ နွံကန် မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ ဦးခန့် သေဆုံးမှု ဖြစ်ပွါးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly