တရုတ်ကြွေးမြီထောင်ချောက်ကို ဖြေရှင်းနေရသည့် သီရိလင်္ကာက အိန္ဒိယနှင့် ပိုမို နီးကပ်လာ

By Organiser
26 February 2022
တရုတ်ကြွေးမြီထောင်ချောက်ကို ဖြေရှင်းနေရသည့် သီရိလင်္ကာက အိန္ဒိယနှင့် ပိုမို နီးကပ်လာ

သီရိလင်္ကာက တရုတ်ချေးငွေဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ ကို ပြန်မဆပ်နိုင်သည့်အတွက် တရုတ်နှင့် ဆက်ဆံရေးဝေးကွာကာ အိန္ဒိယနှင့် ပိုမို နီးကပ်လာသည်။

အကြွေးဆပ်ရန် ပျက်ကွက်လုနီးပါးဖြစ်နေပြီး ချေးငွေကတိကဝတ်များကို ဖြည့်ဆည်းရန် လိုအပ်သည့် ရန်ပုံငွေအသစ်များရယူရာတွင် နှောင့်နှေးမှုများကြောင့် သီရိလင်္ကာ၏ ကြွေးမြီအဆင့်သတ်မှတ်ချက်ကို အိန္ဒိယမှ Fitch Ratings နှင့် Moody's Investors Service တို့က အဆင့်လျော့ချခဲ့သည်။

သီရိလင်္ကာသမ္မတ ရာဂျာပတ်ခ်စာက ဇန်နဝါရီ ၁၇ ရက်တွင် အလည်အပတ်ရောက်ရှိနေသော တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ပြောကြားရာတွင် "ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့နေရသော စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ကြွေးမြီပြန်ဆပ်ရမည့် နည်းလမ်းများကို ပြန်လည်ပြင်ဆင်ရန် အာရုံစိုက် မည်ဆိုပါက သီရိလင်္ကာအတွက် များစွာ သက်သာရာရစေမည် " ဟု ပြောကြားခဲ့သည်။

သို့သော် "သီရိလင်္ကာသည် ယာယီအခက်အခဲများကို တတ်နိုင်သမျှ အမြန်ဆုံး ကျော်လွှားနိုင်လိမ့်မည်" ဟူသော တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက မှတ်ချက်ပြုကာ တောင်းဆိုချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းက သီရိလင်္ကာသည် စက်သုံးဆီတင်သွင်းမှု ကုန်ကျစရိတ်များကို ပေးဆောင်ရန် ရုန်းကန်နေရသည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဂျီအယ်ပယ်ရစ်၏ အိန္ဒိယသို့ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ၂ ရက်ကြာ တရားဝင်ခရီးစဉ်အပြီးတွင် အိန္ဒိယနိုင်ငံသည် သီရိလင်္ကာသို့ ငွေကြေးအကူအညီ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ပေးအပ်ခဲ့ပြီး သီရိလင်္ကာသည် အိန္ဒိယနှင့် အထူးဆက်ဆံရေး တည်ဆောက်သွား မည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သီရိလင်္ကာရှိ အိန္ဒိယမဟာမင်းကြီးရုံးက Indian Oil Corp Ltd မှတင်သွင်းသည့် လောင်စာဆီ မတ်ထရစ်တန် ၄ သောင်းကို သီရိလင်္ကာစွမ်းအင်ဝန်ကြီး ဂမ်မာပီလာသို့ ဖေဖော်ဝါရီလ ၁၅ရက်တွင် လွှဲပြောင်းပေး အပ်ခဲ့သည်။

ယမန်နှစ် အောက်တိုဘာလက ကိုလံဘိုမြို့ရှိ စိုက်ပျိုးရေးဌာနသည် တရုတ်မှ ပေးပို့သော အလွန် ညစ်ညမ်း သော အော်ဂဲနစ်ဓာတ်မြေသြဇာများကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ဓာတ်မြေသြဇာမှာယူမှုကို ပယ်ဖျက်ကာ အိန္ဒိယမှ နာနိုနိုက်ထရိုဂျင်အရည်ဓာတ်မြေသြဇာများမှာယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly