ထိုင်ဝမ်အား အသိအမှတ်မပြုရန် တရုတ်၏ တိုက်တွန်းချက်ကို ပစိဖိတ်ကျွန်းနိုင်ငံငယ် လက်မခံ

ထိုင်ဝမ်အား အသိအမှတ်မပြုရန် တရုတ်၏ တိုက်တွန်းချက်ကို ပစိဖိတ်ကျွန်းနိုင်ငံငယ် လက်မခံ

ထိုင်ဝမ်အား အသိအမှတ်ပြုခြင်းကို ရုပ်သိမ်းရန် တရုတ်အစိုးရက ပြင်းထန်သောဖိအားပေးမှုများနှင့် တွန်းအားပေးမှုများရှိနေ သော်လည်း အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ပလောကျွန်းနိုင်ငံငယ်၏ ငြင်းပယ်ခြင်းကို တရုတ်က ကြုံတွေ့နေရကြောင်း ကနေဒါ အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် လူ့အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ်(IFFRAS) က ဖော်ပြခဲ့သည်။

ပလောနိုင်ငံသည် ထိုင်ဝမ်ကို အသိအမှတ်ပြုကြောင်း ၁၉၉၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောကြောင့် ထိုင်ဝမ်နှင့် ကင်းကွာစေရန် ပလောနိုင်ငံသို့ တရုတ်ခရီးသွားများ လျော့နည်းအောင် တရုတ်အစိုးရက ပြုလုပ်ခဲ့သည်။

တရုတ်ခရီးသွား ၂၂ ရာခိုင်နှုန်း ကျဆင်းကာ ပလောကျွန်းသို့ စင်းလုံးငှားလေယာဉ်များပျံသန်းမှု လျော့ကျ သွားအောင် တရုတ်က ပိတ်ဆို့ခဲ့သော်လည်း ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာလှည့်ခရီးသည်များ တိုးမြင့်လာမှုကို ပလောမှ ခရီးသွားတာဝန်ရှိသူများက အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။

ထိုင်ဝမ်ပိုင် ပလောပစိဖိတ်လေးကြောင်းလိုင်းသည် တရုတ်မှ ပလောသို့ လက်မှတ်ကြိုတင်မှာယူမှု ၅၀ ရာခိုင် နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လေကြောင်းလိုင်းအရောင်းဆိုင်ပိတ်ခဲ့ရသည်။

တရုတ်က ခရီးသွားကုမ္ပဏီများအား ပလောသို့ ခရီးသွားအဖွဲ့များစေလွှတ်ခြင်းကို ရပ်တန့်ရန်လည်း ပြောကြားခဲ့သည်။

ကာလကြာရှည်စွာတည်ရှိခဲ့သော လူမျိုးရေးနှင့် သမိုင်းဝင်ဆက်ဆံရေးရှိသည့် ကျွန်းနိုင်ငံငယ်များကို ထိုင်ဝမ်နှင့် ဝေးကွာစေရန် တရုတ်က ကြိုးပမ်းလျက်ရှိသော်လည်း မအောင်မြင်ခဲ့ပေ။

ပလောနိုင်ငံအစိုးရက ထိုင်ဝမ်အား သံတမန်ရေးအရ အသိအမှတ်ပြုမှုကို ရုပ်သိမ်းခြင်းမရှိပေ။

တရုတ်သည် ထိုင်ဝမ်ကို သိမ်းပိုက်ရန် ရည်မှန်းထားပြီး ကမ္ဘာလုံးဆိုင်ရာ အင်ပါယာကို တည်ဆောက်ရန် ကြိုးပမ်းမှုတွင်လည်း အမေရိကန်၏နေရာကို ရယူရန် ကြိုးပမ်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly