နိုင်/ကျဉ်းအားလုံး ပြန်လွှတ်ပေးရန် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဦးသိန်းစိန်အား တိုက်တွန်း

နိုင်/ကျဉ်းအားလုံး ပြန်လွှတ်ပေးရန် အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဦးသိန်းစိန်အား တိုက်တွန်း

ပြီးခဲ့သည့်နိုဝင်ဘာ သမိုင်းဝင်ရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံး လာရောက်သည့် အမေရိကန်သံတမန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လာမည့်လအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရသစ်အား အာဏာလွှဲပြောင်းခြင်း မပြုမီ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန်အား ဇန်နဝါရီ ၁၈ ရက်က တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏ အရပ်သားတစ်ပိုင်းအစိုးရသည် နိုဝင်ဘာရွေးကောက်ပွဲအား ကျင်းပခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုများကို အမြင့်ဆုံးဖော်ဆောင်ခဲ့ရာ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီက နေရာများစွာ အနိုင်ရခဲ့သည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင် ဆယ်စုနှစ် ငါးခု ကျော်ကြာ စစ်အုပ်ချုပ်ရေးဖြင့် အာဏာပြင်းထန်စွာ အုပ်ချုပ်မှုအောက်တွင် နှစ်ရှည်အကျဉ်းချခံရသည့် နိုင်ငံရေးသမားများ ရာနှင့်ချီ၍ ပြန်လွှတ်ပေးခဲ့ခြင်း ကလည်း အပါအဝင်ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပသည့် ဆွေးနွေးမှုများတွင် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဂျေ ဘလင်ကင်က သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ထိပ်တန်း အရာရှိ များနှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ရွေးကောက်ပွဲ အောင်မြင်မှုများကို ချီးကျုးခဲ့သည်။

သို့သော် ဦးသိန်းစိန်အစိုးရအား ပြီးခဲ့သည့်လများအတွင်းက ဖမ်းဆီးမှုများအပါအဝင် ကျန်ရှိနေသေးဆဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန်နှင့် ဖိနှိပ်မှုခေတ်ဟောင်း ကာလများဆီ ပြန်လှည့် သွားမည်ကို စိုးရိမ်စရာဖြစ်စေကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။

“တကယ့်ပြုပြင်ပြောင်းလဲရေးတစ်ရပ်က နိုင်ငံရေး အကျဉ်းသား ၁၃၀၀ ကျော်လောက်ကို ပြန်လွှတ်ပေးလိုက်တဲ့ လုပ်ဆောင်ချက်ပါပဲ။ ဒါပေမယ့် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးသလို တရားစွဲဆိုခံထားရတဲ့ အမှုတွေလည်း ရှိနေသေးပါတယ်။”ဟု ၎င်းက ပြောသည်။

“အမှန်တကယ် ပြုပြင်ပြောင်းလဲရေးအတွက်ဆို နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရလိမ့်မှာဖြစ်ပါတယ်။ ဒါမှ အသွင်ကူးပြောင်းရေးဆိုတာ ပြည့်စုံမှာပါ။ ဒါမှ အစိုးရသစ်လက်ထက်မှာ နိုင်ငံရေး အမြင်ကြောင့် ထောင်ချခံရတာ တစ်ယောက်မှ ရှိမနေမှာကဖြစ်ပါတယ်။”ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ပြောဆိုတိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကာလက နိုင်ငံရေးအကျဉ်းသားများ နှစ်ဆယ်ကျော်ထက်မနည်း ထောင်ထဲ၌ ရှိနေသေးဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly