တရုတ်၏ အလိမ်အညာဇာတ်လမ်းများက ကိုဗစ်ဇာစ်မြစ် စုံစမ်းစစ်ဆေးမှုများကို ဟန့်တား ပိတ်ပင်လျက်ရှိ

တရုတ်၏ အလိမ်အညာဇာတ်လမ်းများက ကိုဗစ်ဇာစ်မြစ် စုံစမ်းစစ်ဆေးမှုများကို ဟန့်တား ပိတ်ပင်လျက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝူဟန်ဓာတ်ခွဲခန်းများကို တာဝန်ယူရန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို တာဝန်ပေးထားမှုသည် ဗိုင်းရပ်စ်၏ဇာစ်မြစ်နှင့်ပတ်သက်၍ ရှီသည် မည်သည့်အခါမျှ ပွင့်လင်း မြင်သာမှုမရှိကြောင်းနှင့် အလိမ်အညာဇာတ်လမ်းများဖန်တီးခြင်းမျှသာဖြစ်ကြောင်း သိသာ ပေါ်လွင်လှသည်ဟု Providence ဂျာနယ်က ဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) မီဒီယာက ဆွစ်ဇာလန်နိုင်ငံသား ဗိုင်းရပ်စ်ဗေဒပညာရှင်အတုကို ကိုးကားဖော်ပြမှုများရှိခဲ့သလို ဝူဟန်တွင် အသွားအလာကန့်သတ်မှုကို သတင်းရယူခဲ့သည့် တရုတ်သတင်းထောက်တစ်ဦးကိုလည်း ထောင်ချခဲ့သည်။

ကမ္ဘာကြီးအနေဖြင့် တရုတ်ကို စုံစမ်းစစ်ဆေးရန်လိုအပ်သည်မှာ သိသာထင်ရှားသည်။ဩစတြေးလျအစိုးရက ကိုဗစ်ဇစ်မြစ်ကို သီးခြားစုံစမ်းစစ်ဆေးရန် တောင်းဆိုပြီးနောက် တရုတ်သည် သြစတြေးလျနှင့် ကုန်သွယ်ရေးစစ်ပွဲကို စတင်ရန် ကြိုးပမ်းခဲ့သည်။

ကပ်ရောဂါဖြစ်ပွားသည်မှာ ၂ နှစ်ပြည့်ပြီဖြစ်သော်လည်း ဗိုင်းရပ်စ်ဇာစ်မြစ်နှင့် ပတ်သက်၍ အထောက်အထားခိုင်ခိုင်လုံလုံ တင်ပြခြင်းမရှိပေ။ ကပ်ရောဂါကြောင့် အသက်ဆုံးရှုံးမှုများ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကြီးမားသော ထိခိုက်မှုများ ဖြစ်စေခဲ့သည်။

ကပ်ရောဂါသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီဝန်းကျင်က ဝူဟန်မှ ကမ္ဘာတစ်ဝှမ်းသို့ ကူးစက်ပျံ့နှံ့နေချိန်တွင် CCP က ကိုဗစ်-၁၉ ၏ဇာစ်မြစ်နှင့်ပတ်သက်သည့် မည်သည့်ထုတ်ဝေမှုမျိုးကိုမဆို တားဆီးပိတ်ပင်ခဲ့သည်။

အမှန်တကယ်တွင်မူ ဓာတ်ခွဲခန်း၌ ယိုစိမ့်မှုဖြစ်ပွားပြီး နိုင်ငံက ထိုသို့သောသတင်းများ ထုတ်ပြန်သည်မှာ ပုံမှန်လုပ်ငန်းစဉ်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်ဝမ်က SARS-COV-2ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

၂၀၂၀ ခုနှစ်အစောပိုင်းက တရုတ်နိုင်ငံတွင် ဓာတ်ခွဲခန်းမှ ကူးစက်မှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း CCP က အဆိုပါဖြစ်ရပ်ကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းနှင့် ဓာတ်ခွဲခန်းယိုစိမ့်မှုသည် မတော်တဆမှုဟုတ်မဟုတ် မေးခွန်းထုတ်စရာဖြစ်လာသည်။ အနောက်တိုင်း ဗိုင်းရပ်စ်ဗေဒပညာရှင်များနှင့် ဂျာနယ်လစ်များက ထိုယိုစိမ့်မှုကို ‘လျှို့ဝှက်ပူးပေါင်းကြံစည်မှု’ အဖြစ် သတ်မှတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly