ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်တိုက်လေယာဉ် ၄ စင်း ဝင်ရောက်

ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်တိုက်လေယာဉ် ၄ စင်း ဝင်ရောက်

ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ တရုတ်တိုက်လေယာဉ် ၄ စင်း ဖေဖော်ဝါရီလ ၁၉ ရက်က ဝင်ရောက်ခဲ့သည်။

"တရုတ်လေတပ် (PLAAF) မှ Shenyang J-16 တိုက်လေယာဉ် ၄ စင်းသည် ထိုင်ဝမ် လေကြောင်း ရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ)) သို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ် အမျိုးသားကာကွယ်ရေးဝန်ကြီး ဌာနကို ကိုးကား၍ Taiwan News သတင်းက ဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ ADIZ အတွင်းသို့ ၂၀၂၂ခုနှစ်အတွင်း တစ်ရက်တည်းတွင် PLAAF လေယာဉ် အရေအတွက် အများဆုံး ကျူးကျော်ဝင်ရောက်မှုမှာ ဇန်နဝါရီ ၂၃ ရက်က တရုတ်လေယာဉ် ၃၉ စင်း မှတ်တမ်းတင် ဝင်ရောက်ခဲ့သည်။

အဆိုပါအရေအတွက်သည် ၂၀၂၁ခုနှစ် အောက်တိုဘာလအစောပိုင်းနောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး အောက်တိုဘာလ ၄ ရက်တွင် လေယာဉ် ၅၆ စင်းဖြင့် စံချိန်တင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required