ဥရောပပါလီမန်က ထိုင်ဝမ်အတွက် ပြဌာန်းချက်များပါဝင်သည့် လုံခြုံရေးမူဝါဒများ ချမှတ်

ဥရောပပါလီမန်က ထိုင်ဝမ်အတွက် ပြဌာန်းချက်များပါဝင်သည့် လုံခြုံရေးမူဝါဒများ ချမှတ်

ထိုင်ဝမ်က နိုင်ငံတကာအဖွဲ့အစည်းများ၌ အဓိပ္ပာယ် ပြည့်ဝစွာပါဝင်မှုကို ပံ့ပိုးပေးသည့် ပြဌာန်းချက်များနှင့် ထိုင်ဝမ်ရေလက်ကြားတွင် တည်ငြိမ်အေးချမ်းရေးတောင်းဆိုသည့် လုံခြုံရေးမူဝါဒ ၂ ရပ်ကို ဥရောပပါလီမန်က ဖေဖော်ဝါရီလ ၁၇ရက်တွင် ချမှတ်ခဲ့သည်။

ဘုံနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ (CFSP) ကို ပါလီမန်က ၄၇၄-၁၁၃မဲ၊ ကြားနေမဲ ၁၀၂ မဲဖြင့် အတည်ပြုခဲ့ပြီး ဘုံလုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒ (CSDP) ကိုလည်း ၃၆၉-၁၉၇ မဲ၊ ကြားနေ ၁၂၃ မဲဖြင့် အတည်ပြုခဲ့သည်။

ပါလီမန်သည် "နိုင်ငံတကာအဖွဲ့အစည်းများ၏ အစည်းအဝေးများ၊ ယန္တရားများနှင့် လှုပ်ရှားမှုများတွင် လေ့လာသူအဖြစ် ထိုင်ဝမ်၏ အဓိပ္ပါယ်ရှိသော ပူးပေါင်းပါဝင်မှုကို အခိုင်အမာ ထောက်ခံထားပြီး နှစ်ဘက် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် (BIA) အပါအဝင် ဥရောပသမဂ္ဂ-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုနက်ရှိုင်းစွာ ထောက်ခံအားပေးနေသည်" ဟု CSFP အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံခြားရေးရာနှင့် လုံခြုံရေးမူဝါဒ (VP/HR) ဆိုင်ရာ ဥရောပကော်မရှင်၏ ဒုတိယဥက္ကဌ/ အဆင့်မြင့် ကိုယ်စား လှယ်နှင့် ဥရောပကော်မရှင်တို့အား " နှစ်ဘက် စီးပွားရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းလာစေရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ထိုင်ဝမ်အာဏာပိုင်များက ပြင်ဆင်နေချိန်တွင် နှစ်ဘက် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် (BIA) နှင့်အတူ သက်ရောက်မှု အကဲဖြတ်ခြင်း၊ ပြည်သူများပါဝင် တိုင်ပင်ဆွေးနွေးခြင်းနှင့် နယ်ပယ်ချဲ့ထွင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းကို အမြန်ဆုံး စတင်ရန်လည်း တောင်းဆိုထားသည် "

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ရရှိအောင်ဆောင်ရွက်ရန်နှင့် ထိုင်ဝမ်၏ ဒီမိုကရေစီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် စိတ်တူကိုယ်တူ နိုင်ငံတကာမိတ်ဖက်များနှင့် လက်တွဲ လုပ်ဆောင်ရေးအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန် ဥရောပသမဂ္ဂ (EU) နှင့် ယင်း၏အဖွဲ့ဝင်နိုင်ငံများ အား အစီရင်ခံစာက တိုက်တွန်းထားသည်။

အထူးသဖြင့် အသံထက်မြန်သည့် ဒုံးကျည်စမ်းသပ်မှုနှင့် ထိုင်ဝမ် လေကြောင်းကာကွယ်ရေး ခွဲခြားသတ်မှတ် ရေးဇုန် (ADIZ) အတွင်းသို့ ချိုးဖာက်ဝင်ရောက်မှုများ တိုးလာကြောင့် CSDP အစီရင်ခံစာနှင့် ပတ်သက်၍

ပါလီမန်သည် တရုတ်၏ လက်နက်တည်ဆောက်မှု၊ စစ်ရေး အနေ အထားနှင့် ပတ်သက်၍ စိုးရိမ်မှုများ တိုးလာကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပါလီမန်က သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တင်းမာမှုများ လျှော့ချရန်နှင့် လက်ရှိအနေအထားကို ပြောင်းလဲရန် တစ်ဖက်သတ်လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ရန် သက်ဆိုင်သူအားလုံးကို တောင်းဆိုထားကြောင်း လွှတ်တော်က ပြောကြားခဲ့သည်။

CSDP အစီရင်ခံစာတွင် ထိုင်ဝမ်ရေလက်ကြားတွင် လက်ရှိအနေအထားကို ပျက်ပြားသွားစေနိုင်သည့် တစ်ဖက် သတ်လုပ်ဆောင်မှုနှင့် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးတွင် ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှသည် ထိုင်ဝမ်နိုင်ငံသားများ၏ ဆန္ဒကို ဆန့်ကျင်ခြင်းမပြုရဟု ထပ်လောင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly