ဟောင်ကောင်သည် သစ်လွင်တောက်ပမှုများကို ဆုံးရှုံးနေပုံပေါ်နေ

ဟောင်ကောင်သည် သစ်လွင်တောက်ပမှုများကို ဆုံးရှုံးနေပုံပေါ်နေ

အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းပြီးနောက် ဟောင်ကောင်သည် တောက်ပသစ်လွင်မှုများကို ပျောက်ဆုံးနေ ပုံရပြီး ရလဒ်အနေဖြင့် ကမ္ဘာတွင် အတော်ဆုံးလူများသည် အာရှဘဏ္ဍာရေးဗဟိုဖြစ်သည့် ဟောင်ကောင်မှ ထွက်ခွာသွားခြင်းဖြစ်သည်။

စီးပွားရေးမျက်နှာစာတွင် ကမ္ဘာလုံးဆိုင်ရာအဆင့်သတ်မှတ်ရေးအေဂျင်စီများသည် ဟောင်ကောင်၏ ၂၀၂၂ ခုနှစ်အတွက် ခန့်မှန်းထားသော ဂျီဒီပီတိုးတက်မှုကို အစောပိုင်းတွင် ၃ ရာခိုင်နှုန်းမှ ယခု ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ ခဲ့သည်။

နိုင်ငံရေးဘက်တွင်မူ ဥရောပသမဂ္ဂသည် ဟောင်ကောင်တွင် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ယိုယွင်း လာမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့သည်။ တရုတ်၏ 'ကိုဗစ် တင်းကျပ်စွာ ထိန်းချုပ်ရေး' မူဝါဒသည် အရာခပ်သိမ်းကို ပိုမိုဆိုးရွားအောင် ပြုလုပ်နေသည်။

အဆိုပါအချက်များအားလုံးသည် ဟောင်ကောင်၏ မြင့်မားသောအဆင့်အတန်း ဆုံးရှုံးနိုင်ခြေသို့ ဦးတည် သွားစေ နိုင်ကြောင်း HK Post က ဖော်ပြခဲ့သည်။

ကုမ္ပဏီခေါင်းဆောင် ၅၃ ရာခိုင်နှုန်းသည် ဟောင်ကောင်မှ ထွက်ခွာရန် စဉ်းစားနေကြောင်း ဟောင်ကောင် အခြေစိုက် ဘဏ္ဍာရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဟောင်ကောင်ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်း (AmCham) မှ ပြောကြားခဲ့သည်။

The HK Post ၏ အဆိုအရ နိုင်ငံရေး ဖြိုခွင်းမှုများနှင့် တင်းကျပ်သော အုပ်ချုပ်ရေး ဥပဒေများကြောင့် စိတ်ပျက်ခြင်းသည် ဒေသခံဟောင်ကောင်များကို ဟောင်ကောင်မှ ထွက်ခွာရန် တွန်းအားပေးနေသည်။

ဟောင်ကောင်တွင် လူဦးရေ ၇ ဒသမ ၃၉ သန်းခန့်ရှိသည်အနက် ၂၀၂၀ပြည့်နှစ် ဇွန်လ မှ ၂၀၂၁ခုနှစ် ဇွန်လအတွင်း ် မှ လူပေါင်း ၉၀၀၀၀ခန့် ထွက်ခွာသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်၏ 'ကိုဗစ် တင်းကျပ်စွာ ထိန်းချုပ်ရေး' မူဝါဒသည် ဟောင်ကောင်ကို ဆိုးရွားစွာ ထိခိုက် စေခဲ့သည်။ နောက်ဆုံးထွက်ပေါ်လာသည့် အိုမီခရွန်မျိုးကွဲနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်၏ တင်းကျပ်သော မူဝါဒသည် ကျရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly