တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းတွင် တရုတ်၏ သူလျှိုလုပ်ခြင်းမှ ကာကွယ်ရန် ဥပဒေတစ်ရပ်ကို ထိုင်ဝမ် ရေးဆွဲ

By Business-standard
24 February 2022
တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းတွင် တရုတ်၏ သူလျှိုလုပ်ခြင်းမှ ကာကွယ်ရန် ဥပဒေတစ်ရပ်ကို ထိုင်ဝမ် ရေးဆွဲ

တရုတ်စက်မှုလုပ်ငန်း၏ သူလျှိုလုပ်ခြင်းမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကို ကယ်တင်ရန် ထိုင်ဝမ်က ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရမည့် ဥပဒေတစ်ရပ်ကို ရေးဆွဲရန် ကြိုးပမ်းလျက်ရှိသည်။

ထိုင်ဝမ်လွှတ်တော်သည် "စီးပွားရေးသူလျှိုလုပ်ခြင်းတွင် ရာဇဝတ်မှုမြောက်စေမည့် အမျိုးသားလုံခြုံရေး အက်ဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ဖေဖော်ဝါရီလ ၁၇ရက်တွင် အတည်ပြုခဲ့သည်" ဟု Nikkei Asia မှ လူလိုင် လီနှင့် တင်းဖန်တို့က ရေးသားခဲ့သည်။

ယင်းသည် ထိုင်ဝမ်ပြင်ပတွင် အရေးပါသော အမျိုးသားနည်းပညာများနှင့် ကုန်သွယ်မှုလျှို့ဝှက်ချက်များကို ခွင့်ပြုမထားသော အသုံးပြုမှုအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ထို့ပြင် ထိုင်ဝမ်အစိုးရက အပ်နှင်းထားသော သို့မဟုတ် ထောက်ပံ့ကြေးပေးအပ်ခြင်းခံရသော မည်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းမဆိုသည် အရေးကြီးသော အမျိုးသားနည်းပညာများနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို လုပ်ဆောင်ရန် တရုတ်သို့ သွားရောက်ရန် မည်သည့်ခရီးစဉ်အတွက်မဆို ထိုင်ဝမ်အစိုးရ၏ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း အဆိုပါ စည်းမျဉ်းမူကြမ်းတွင် ဖော်ပြထားသည်။

ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက ထိုင်ဝမ်ဒေါ်လာ ၂ သန်းမှ ၁၀ သန်းကြား ဒဏ်ငွေ (အမေရိကန်ဒေါ်လာ ၇၁၀ဝ၀ နှင့် ၃၅၈ ဝ၀ဝ) ပေးဆောင်ရမည်ဟု Nikkei Asia က ဖော်ပြသည်။

"နည်းပညာမြင့်စက်မှုလုပ်ငန်းက ထိုင်ဝမ်ရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်ဝမ်ကို တရုတ် ထောက်ပံ့ရေး ကွင်းဆက်တွေရဲ့ မကြာသေးမီနှစ်တွေအတွင်းက ထိုးဖောက်ဝင်ရောက်မှုက ပြင်းထန်လာ ပါတယ်" ဟု ထိုင်ဝမ်လွှတ်တော်၏ ဌာနလက်ကိုင်မရှိ ဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ လိုပင်းချန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သမ္မတစိုင်အမ်ဝမ်၏ အစိုးရအဖွဲ့သည် ပိုမိုပြီးပြည့်စုံသော အမျိုးသားလုံခြုံရေးရှေ့တန်းကို ထူထောင်ရန်နှင့် "တရားမဝင်သော လုပ်ရပ်များကို ရပ်တန့်ရန် အဆိုပါ ဥပဒေအား ပြင်ဆင်ရန် အရေးတကြီး လိုအပ်နေသည်ဟု လိုပင်းချန်က ပြောကြားခဲ့သည်။

အဆိုပါဥပဒေမူကြမ်းသည် ပြည်ပနိုင်ငံ သို့မဟုတ် ပြည်ပတန်ပြန်အင်အားစုများလက်သို့ အရေးကြီးသော စက်မှုနည်းပညာများကို မကျရောက်စေရေး တားဆီးရန် ရည်ရွယ်ကြောင်း တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကုန်သွယ်ရေးလျှို့ဝှက်ချက်ပေါက်ကြားမှုနှင့် စီးပွားရေးသူလျှိုမှုဆိုင်ရာ အခြားကိစ္စရပ်များနှင့် ပတ်သက်သည့် စစ်ဆေးမှုများကို လွယ်ကူချောမွေ့စေရန် ထိုင်ဝမ်သည် အထူးတရားရုံးများ ထူထောင်သွားမည်ဖြစ်ကြောင်း အရာရှိက ပြောကြားခဲ့သည်ဟု လျှိုလိုင်နှင့် ချန်က ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly