လောင်းလုံးမြို့တွင် နယ်ထိန်းရဲ ၁ ဦးနှင့် ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

By ကိုရွှေမြိတ်
24 February 2022
လောင်းလုံးမြို့တွင် နယ်ထိန်းရဲ ၁ ဦးနှင့် ပျူစောထီး အဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၂၄

ထားဝယ်ခရိုင် လောင်းလုံးမြို့၌ နယ်ထိန်းရဲ တစ်ဦးနှင့် ပျူစောထီးအဖွဲ့ဝင် တစ်ဦးတို့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LPDF) က ထုတ်ပြန်သည်။

LPDF အဖွဲ့ နှင့် Dawei Guerrilla Revolutionary Force (DGRF) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသည့် နယ်ထိန်းရဲ စိုးနိုင်ဦးသည် မောင်းမကန် နယ်မြေ ရဲစခန်းမှ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်-မောင်းမကန် လမ်းပိုင်း တစ်နေရာ၌ အသတ်ခံရခြင်း ဖြစ်သည်။

အခြား အသတ်ခံရသူ တစ်ဦး ဖြစ်သည့် ပျူစောထီး အဖွဲ့ဝင် ဦးနေမင်းထွန်းမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်က ထားဝယ်မြို့တွင် ဗုံးဖောက်ခွဲမှုဖြင့် အဖမ်း ခံခဲ့ရသူ ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက် ပြန်လွတ်လာသူ ဖြစ်သည်။

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ ဘုန်းကြီးကျောင်းအနီး ဖေဖော်ဝါရီလ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

#လောင်းလုံး

#နယ်ထိန်းရဲ

#ပျူစောထီး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly