အိန္ဒိယသမုဒ္ဒရာဒေသကို ကြီးစိုးရန် ရည်ရွယ်ချက်ဖြင့် တရုတ်က မော်လ်ဒိုက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ကြိုပမ်းနေ

အိန္ဒိယသမုဒ္ဒရာဒေသကို ကြီးစိုးရန် ရည်ရွယ်ချက်ဖြင့် တရုတ်က မော်လ်ဒိုက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ကြိုပမ်းနေ

အိန္ဒိယသမုဒ္ဒရာဒေသကို ကြီးစိုးရန် ရည်ရွယ်ချက်ဖြင့် တရုတ်ကို အကြွေးများစွာတင်နေသည့် ကျွန်းစု နိုင်ငံဖြစ်သည့် မော်လ်ဒိုက်တွင် နိုင်ငံရေးမတည်ငြိမ်ဖြစ်စေရန် တရုတ်က ကြိုပမ်းလျက်ရှိသည်။

ဖမော်လ်ဒိုက်သမ္မတဟောင်း အက်ဒူလ်လာ ယာမန် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ရက်အနည်းငယ် အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မော်လ်ဒိုက်သို့ ရောက်ရှိလာခြင်းက ၂၀၁၃ခုနှစ်မှ ၂၀၁၈ခုနှစ် ယာမန်၏ သမ္မတ သက်တမ်းကာလအတွင်း မော်လ်ဒိုက်သို့ တရုတ်က နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်စေခဲ့သည့် ယာမန်၏ နောက်တွင် တရုတ်က နိုင်ငံရေးအရ ရပ်တည်နေကြောင်းကို ညွှန်ပြနေသည်။

၂၀၂၃ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ယာမန်ဦးဆောင်နေချိန်တွင် နိုင်ငံတစ်ဝန်း နိုင်ငံရေးလှုံ့ဆော်ရန် ကြိုးပမ်းမှု၌ ယာမန်အား အစ္စလာမ္မစ်အစွန်းရောက်များက မီဒီယာမှ ကျောထောက် နောက်ခံပေးလျက်ရှိသည်။

အိန္ဒိယသမုဒ္ဒရာဒေသတွင် သြဇာလွှမ်းမိုးမှုကို ပြန်လည်တည်ဆောက်ရန် တရုတ်က ဘက်စုံချဉ်းကပ်မှု တစ်ရပ်ကို ကျင့်သုံးနေပြီး ယင်းကို စတင်ရန် အစ္စလာမ္မစ်အမျိုးသားရေးနိုင်ငံရေး အစီအစဉ်အကူအညီဖြင့် လက်ရှိ နိုင်ငံရေးအခြေအနေကို ဆန့်ကျင်သည့် လှုပ်ရှားမှုကို မြှင့်တင်သွားမည် ဖြစ်ကြောင်း Maldives Voice က ဖော်ပြခဲ့သည်။

ဒုတိယအနေဖြင့် တရုတ်သည် မော်လ်ဒိုက်တိုးတက်ရေးပါတီ (PPM) နှင့် ပြည်သူ့အမျိုးသားကွန်ဂရက် (PNC) ကဲ့သို့သော နိုင်ငံရေး ပါတီများကို စုစည်းခြင်းဖြင့် အပြောင်းအလဲအတွက် နိုင်ငံရေးအငွေ့အသက်ကို ဖန်တီးရန် ကြိုးစားမည်ဖြစ်သည်။

ထို့ပြင် တရုတ်က မော်လ်ဒိုက်အကျိုးစီးပွားကို ဂရုစိုက်ကြောင်း ဖော်ပြပြီး စည်းရုံးသိမ်းသွင်းရန် ဖွံ့ဖြိုးတိုးတက် ရေး အစီအစဉ်ကိုလည်း ထည့်သွင်းလုပ်ဆောင်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အက်ဒူလ်လာ ဆာဟစ်နှင့် သဘောတူညီချက် ၅ ခု လက်မှတ်ရေးထိုးခဲ့သည်။

မော်လ်ဒိုက်သည် တရုတ်သို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ တရားဝင် အကြွေးတင်ထားသော်လည်း တရားမဝင်အကြွေးများက ပိုမိုများပြားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly