တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကြောင့် ဆီးရီးယား စီးပွားရေးတိုးတက်ခဲ့သော်လည်း အကြွေးထောင်ချောက်အတွင်းသို့ ကျဆင်းသွားနိုင်

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကြောင့် ဆီးရီးယား စီးပွားရေးတိုးတက်ခဲ့သော်လည်း အကြွေးထောင်ချောက်အတွင်းသို့ ကျဆင်းသွားနိုင်

ဆီးရီးယားက စီးပွားရေးကို ပြန်လည်အသက်သွင်းရန် စိတ်အားထက်သန်စွာဖြင့် တရုတ်၏ ခါးပတ်လမ်း စီမံ ကိန်း (BRI) တွင် ပါဝင်ခဲ့သော်လည်း အခြားနိုင်ငံများစွာကဲ့သို့ စစ်ဒဏ်ခံနေရသောဆီးရီးယားသည် ဆိုးရွားသော အကြွေးထောင်ချောက်ထဲအတွင်းသို့ ကျဆင်းသွားနိုင်သည်။

ဆီးရီးယားသည် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခဲ့သည့် ၂၀၁၁ ခုနှစ်မှစတင်၍ စီးပွားရေး ဆက်တိုက် သိသိသာသာ ကျဆင်းနေသည်ကို တွန်းလှန်ရန် အရှိန်အဟုန်ပြင်းပြင်းဖြင့် တရုတ်နိုင်ငံမှ ငွေကြေးရယူရန် ကြိုးပမ်းနေသည်။

သို့သော် တရုတ်က ကတိများပေးသော်လည်း ငွေကြေးပံ့ပိုးမှုနှင့် အကောင်အထည်ဖော်မှုမှာ နှေးကွေးနေသဖြင့် တရုတ်နှင့် လက်တွဲခြင်းသည် အန္တရာယ်များလာမည်ဖြစ်ကြောင်း The Times of Israel က ဖော်ပြခဲ့ သည်။

အရှေ့အလယ်ပိုင်းတွင် တရုတ်၏ တည်ရှိမှုကို မြှင့်တင်ရန် အခွင့်အရေးတစ်ခုဖြစ်သောကြောင့် ဆီးရီးယား၏ စိတ်ပျက်အားငယ်မှုကို တရုတ်က လှုံ့ဆော်ပေးနေသည်။

ဆီးရီးယားသည် စူးအက်တူးမြောင်းကိုဖြတ်၍ တရုတ်ကို အာဖရိက၊ ဥရောပတိုက်များနှင့် ဆက်သွယ်ပေးသည့် မြေထဲပင်လယ်သို့ ဆက်သွယ်ပေးမည့် စင်္ကြံတစ်ခုဖြစ်သောကြောင့် ဆီးရီးယားသည် တရုတ်၏ စိတ်ဝင်စားသည့် စာရင်းတွင် ရှိနေသည်။

ဆီးရီးယားသမ္မတ အယ်လ်အာဆတ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံများ၏ စစ်ရေး ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားခဲ့သည့် တရုတ်၏ လုပ်ဆောင်ချက်များကို အထင်ကြီးလေးစားခဲ့သည်။

BRI တွင် ဆီးရီးယားဝင်ခွင့်ရခြင်းက တရုတ်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် BRI တစ် လျှောက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး အမေရိကန်၏ ပိတ်ဆို့အရေးယူမှု သက်ရောက်မှုများကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြခဲ့သည်။

ဆီးရီးယားစီးပွားရေးသည် စစ်ပွဲကြောင့် ပျက်စီးခဲ့ရပြီး အမေရိကန် ဒေါ်လာ ဘီလီယံ ၁၂၀ တန်ဖိုးရှိသည့် အခြေခံ အဆောက်အအုံများ အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့သည်။

ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ စစ်ဘေးသင့် ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေး အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ မှ ၄၀ဝ ခန့်အထိ လိုအပ်မည်ဖြစ်သည်။

ဆီးရီးယားသည် ၂၀၁၉ခုနှစ်တွင် ပြန်လည်တည်ဆောက်ရေး အတွက် လျာထားသည့် စုစုပေါင်း အသုံးစရိတ် ၈ ဒသမ ၉ ဘီလီယံမှ ဒေါ်လာ ၁၁၅ သန်းသာ ခွဲဝေပေးနိုင်သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required