ထားဝယ်မြို့တွင် COVID -19 ရောဂါကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာ

ထားဝယ်မြို့တွင် COVID -19 ရောဂါကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာ

ထားဝယ်၊ ဖေဖော်ဝါရီ၊ ၂၃

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် COVID-19 ရောဂါ ကူးစက်မှုများရှိနေပြီး လက်ရှိရောဂါ ကူးစက်ခံထားရသူများ အနက် သေဆုံးသူ သုံးဦး အထိ ရှိလာကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိ ထားဝယ်ခရိုင် အတွင်း မြို့နယ်များတွင် COVID-19 ရောဂါ ကူးစက်မှု နေ့စဉ် နီးပါး တွေ့ရှိနေသည်ဟု ထားဝယ် အခြေစိုက် ကျန်းမာရေး အဖွဲ့စည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

နာရေးကူညီမှု အသင်း ထားဝယ်မှ တာဝန်ရှိသူ တစ်ဦးက"ထားဝယ်ခရိုင်မှာ COVID ကြောင့် သေဆုံးတာ သုံးဦး ရှိနေပါပြီ ။ ရက်ပိုင်း အတွင်းမှာ ဆက်တိုက် သေဆုံးနေတာ ဖြစ်တယ်"ဟု ပြောသည်။

ယခုလ ဖေဖော်ဝါရီလ ၁၉ ရက် ၊၂၀ ရက်နှင့် ၂၂ရက် တို့တွင် တစ်ဦးနှုန်း သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦး ဖြစ်သည်ဟု သိရသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ မြိတ်ခရိုင်တွင် တစ်ဦးနှင့် ထားဝယ်ခရိုင်တွင် သုံးဦး စုစုပေါင်း လေးဦး အထိ ရှိနေပြီး ဖြစ်သည်။

#MizzimaTV

#ကိုဗစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly