အမေရိကန်အနေဖြင့် တရုတ်၏ဆိုက်ဘာသူလျှိုလုပ်ခြင်းကို တင်းကျပ်စွာတိုက်ဖျက်သင့်ကြောင်း ပညာရှင်များ တိုက်တွန်း

အမေရိကန်အနေဖြင့် တရုတ်၏ဆိုက်ဘာသူလျှိုလုပ်ခြင်းကို တင်းကျပ်စွာတိုက်ဖျက်သင့်ကြောင်း ပညာရှင်များ တိုက်တွန်း

တရုတ်နိုင်ငံ၏ ဆိုက်ဘာသူလျှိုလုပ်မှုနှင့် ဆိုက်ဘာစစ်ပွဲများကို တန်ပြန်နိုင်ရေးအတွက် အရင်းအမြစ်များ ပိုမိုမြှုပ်နှံထားရန်နှင့် အားထုတ်လုပ်ဆောင်မှုတွင် Microsoft နှင့် Google ကဲ့သို့သော ကုမ္ပဏီများကို ပိုမိုတက်ကြွစွာ ပါဝင်လာအောင်လုပ်ဆောင်ရမည်ဟု သုတေသီများက အမေရိကန်အစိုးရ၏ တရုတ်မူဝါဒဆိုင်ရာ ဦးဆောင်အကြံပေးအဖွဲ့အား ဖေဖော်ဝါရီ ၁၇ ရက်တွင် သတိပေးထားသည်။

အမေရိကန်၏လွတ်လပ်သောစျေးကွက်စနစ်အား အသုံးချသည့် တရုတ်၏စွမ်းရည်နှင့် ကွန်ရက်ချိုးဖောက်မှုများအပေါ် နှေးကွေးစွာတုံ့ပြန်မှုများနှင့်ပတ်သက်၍ ကြုံတွေ့ရမှုများကို ပြောကြားကြရာတွင် ဟားဗက်တက္ကသိုလ်မှ သိပ္ပံနှင့်နိုင်ငံတကာရေးရာ Belfer စင်တာမှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဝင်နိုနာဒီဝွမ်ဘရာအပါအဝင် သက်သေများက အမေရိကန်အစိုးရသည် ယခင် ဆိုဗီယက်ယူနီယံနှင့် အာကာသပြိုင်ဆိုင်မှုကဲ့သို့ပင် တရုတ်၏အချက်အလက်ချိုးဖောက်ဝင်ရောက်များအား တန်ပြန်သည့် အစီအမံများကို အားပေးရမည်ဟု သတိပေးခဲ့သည်။

ကုန်သွယ်ရေးဌာန၏ ကန့်သတ်စာရင်းနှင့် တရုတ်စစ်ဘက်နှင့် ချိတ်ဆက်မှုများရှိသည့် ကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများ အပါအဝင် ယခုအချိန်အထိ လုပ်ဆောင်ခဲ့သော အရေးယူဆောင်ရွက်မှုများသည် စီးပွားရေးနှင့်စစ်ရေးအရပါ အသုံးပြုနိုင်သည့် အမေရိကန်ဉာဏပစ္စည်းဆိုင်ရာခိုးယူခံရမှုကို တန်ပြန်ရာတွင် မလုံလောက်သေးကြောင်း Heritage Foundation မှ အကြီးတန်း သုတေသနပညာရှင် ဒီးချန်က ပြောသည်။

“တရုတ်ဟာ နာမည်အတပ်ခံရပြီး အရှက်ကွဲမှာကို ဂရုမစိုက်တော့ပါဘူး။ တိုက်ခိုက်မှုတွေကို တရုတ်က ပံ့ပိုးကူညီနေတယ်လို့ အမေရိကန်၊ ဗြိတိန်၊ အီးယူနဲ့ နေတိုးတို့က စွပ်စွဲပြီးတဲ့နောက် တရုတ်ဟာ Microsoft Exchange အီးမေးလ်ဆာဗာ ချိုးဖောက်ဝင်ရောက်တာကို အရှိန်မြှင့်ခဲ့ပါတယ်” ဟု ဒီဆွမ်ဘရာက ပြောသည်။

"အမေရိကန်ဟာဆိုက်ဘာလောကမှာ ရေရှည်အနေနဲ့ တရုတ်ကို ပြိုင်ဆိုင်ဖို့ လက်ရှိမှာ လုံလောက်တဲ့ ဆိုက်ဘာကာကွယ်ရေး၊ လူပုဂ္ဂိုလ်ဆိုင်ရာ၊ ထောက်ပံ့ရေးကွင်းဆက်လုံခြုံမှုဒါမှမဟုတ် နိုင်ငံတကာနည်းပညာနှင့်စံနှုန်းဆိုင်ရာ ခေါင်းဆောင်နိုင်မှုတွေ မရှိသေးပါဘူး” ဟု ဒီဆွမ်ဘရာက ပြောသည်။

အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေးသုံးသပ်မှုကော်မရှင် (USCC) မှ မိုက်ကယ်ဝက်ဆဲလ်က လက်ရှိ အမေရိကန်၏ စည်းမျဉ်းစည်းကမ်းဖွဲ့စည်းပုံမှာလုံခြုံရေးထက် အမြတ်အစွန်းကို ဦးစားပေးသည်ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက်များနည်းတူ မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly