တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် လစ်သူယေးနီးယားကို ဥရောပသမဂ္ဂဝန်ကြီးများက ထောက်ခံ ပံ့ပိုးပေးနေ

တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် လစ်သူယေးနီးယားကို ဥရောပသမဂ္ဂဝန်ကြီးများက ထောက်ခံ ပံ့ပိုးပေးနေ

တရုတ်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် လစ်သူယေးနီးယား အား ပြတ်ပြတ်သားသား ထောက်ခံမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ အလှည့်ကျဥက္ကဌ ရာထူးတာဝန် ထမ်းဆောင်နေသည့် ပြင်သစ်နိုင်ငံက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး ဖရန့်ခ် ရိုင်စရာက ပြင်သစ်ဆိပ်ကမ်းမြို့မာဆေးတွင် အခြားကုန်သွယ်ရေးဝန်ကြီး များ တွေ့ဆုံရာ၌ လစ်သူယေးနီးယားသည် တရုတ် အကျပ်ကိုင်မှုကို ကြုံတွေရသောကြောင့် ဥရောပ အင်အားကြီးနိုင်ငံသစ်များက ပြန်လည်တိုက်ခိုက်မည့် အစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

နှစ်ရှည်လများ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးသဘောတူညီချက်ကို အတည်ပြုရန် ပျက်ကွက်ခဲ့ပြီးနောက် ဥရောပ သမဂ္ဂနှင့် တရုတ်အကြား ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်ထိရောက်ရှိသွားကာ တရုတ်ရှိ ဝီဂါလူနည်းစုများ၏ အခြေအနေကို ဥရောပက စိုးရိမ်မှုကြောင့် ဥရောပက ပိတ်ဆို့အရေးယူမှုများကို ပြုလုပ်ခဲ့သည်။

"လစ်သူယေးနီးယားကို တရုတ်က သက်သက် အကျပ်ကိုင်နေတာပါ။ တရုတ်က ကျွန်တော်တို့ကို နိုင်ငံရေးအရ ဖိအားပေးဖို့ ကုန်သွယ်ရေးနဲ့ စီးပွားရေးလက်နက်တွေကို အသုံးပြုနေ ပါတယ်” ဟု ယင်းကိစ္စကို ဥရောပ သမဂ္ဂကုန်သွယ်ရေးဝန်ကြီးများ မဆွေးနွေးခင်မှာ ပြင်သစ် ကုန်သွယ်ရေး ဝန်ကြီး ဖရန့်ခ် ရိုင်စရာက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ မြို့တော် တိုင်ပေဟူသော အသုံးအနှုန်းအစား ထိုင်ဝမ်ကိုယ်စားလှယ် ရုံးဟူသောအမည်ဖြင့် ဗီးနပ်စ်မြို့တွင် ကိုယ်စားလှယ်ရုံး အသစ် အတိအလင်း ဖွင့်လှစ်လိုက်သောအခါ တရုတ်နှင့် လစ်သူယေးနီးယားတို့အကြား မပြေလည်မှုများစတင်ခဲ့သည်။ တရုတ်က ထိုင်ဝမ်အား ခွဲထွက်ရန်ကြိုးပမ်းနေသော ပြည်နယ်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်းမည်ဖြစ်သည်။

လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်က သံတမန်ဆက်ဆံရေးကို အဆင့်နှိမ့်လိုက်ပြီး လစ်သူယေးနီးယား ပို့ကုန် များကို တရုတ်နယ်စပ်တွင် ရပ်တန့်ထားကာ ဥရောပတင်ပို့ရောင်းချသူများအနေဖြင့် လစ်သူယေးနီးယား နှင့် ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ရန် တရုတ်သုံးစွဲသူများက သတိပေးထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

"တရုတ်နဲ့ လစ်သူယေးနီးယားတို့ကြား ဖြစ်ပျက်ခဲ့တာက အရေးမကြီးပါဘူး။ အဲဒါက အဓိကအချက် မဟုတ်ပါဘူး။ အဓိကအချက်က ဒီမကျေနပ်ချက်ကို ဖြေရှင်းဖို့ တရုတ်က ရွေးချယ်ခဲ့ပုံပါပဲ" ဟု ပြင်သစ်ကုန်သွယ်ရေး ဝန်ကြီး ဖရန့်ခ် ရိုင်စရာက ထပ်လောင်းပြောကြားခဲ့သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံအတွက် ကုန်သွယ်ရေးမူဝါဒကို ကိုင်တွယ်သည့် ဥရောပသမဂ္ဂအမှုဆောင် ဥရောပ ကော်မရှင် သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အမှုတွဲတင်ထားပြီးဖြစ်သော်လည်း ယင်းလုပ်ငန်းစဉ်သည် လ သို့မဟုတ် နှစ်နှင့်ချီ ကြာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly