အိန္ဒိယက လုံခြုံရေးစိုးရိမ်သဖြင့် တရုတ်အပလီကေးရှင်း ၅၄ ခုကို တားမြစ် ပိတ်ပင်

By Aljazeera
21 February 2022
အိန္ဒိယက လုံခြုံရေးစိုးရိမ်သဖြင့် တရုတ်အပလီကေးရှင်း ၅၄ ခုကို တားမြစ် ပိတ်ပင်

အိန္ဒိယအစိုးရက လုံခြုံရေးစိုးရိမ်မှုများကြောင့် တရုတ်အပလီကေးရှင်း ၅၄ ခုကို ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း Economic Times သတင်းစာက ဖေဖော်ဝါရီလ ၁၄ရက်တွင် ဖော်ပြခဲ့သည်။

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုကြောင့် စီးပွားရေးဆက်ဆံမှုများအပေါ် သက်ရောက်မှုရှိခဲ့သလို ကာလကြာမြင့်စွာ နယ်စပ်အငြင်းပွား ပြဿနာလည်း ဖြစ်ပေါ်လျက်ရှိသည်။

တောင်အာရှနိုင်ငံဖြစ်သော အိန္ဒိယ၏ အီလက်ထရောနစ်နှင့် အိုင်တီဝန်ကြီးဌာနက ၂၀၂၀ပြည့်နှစ်တွင် အိန္ဒိယမှ တားမြစ်ထားသော Tencent၊ Alibaba နှင့် NetEase ကဲ့သို့ တရုတ်နည်းပညာကုမ္ပဏီကြီးများက ပိုင်ဆိုင်သည့် အပလီကေးရှင်းများကို ပြန်လည်ပြင်ဆင်ထုတ်လုပ်ထားသည့် အပလီကေးရှင်းများကို ပိတ်ပင် လိုက်ကြောင်း Economic Times က ဖေဖော်ဝါရီလ ၁၄ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံနှစ်ခုအကြား ကာလကြာရှည်အငြင်းပွားမှုမှာ မဖြေရှင်းနိုင်သေးသလို နှစ်ဖက်စလုံးမှ စစ်သားများသေကြေခဲ့ရသော ၂၀၂၀ပြည့်နှစ်က တိုက်ပွဲများကြောင့် အခြေအနေ ပိုမိုတင်းမာ မှုများဖြစ်ပေါ်လာပြီးနောက် အပလီကေးရှင်းများအား ပိတ်ပင်ခြင်းအပါအဝင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများအတွက် အိန္ဒိယက ပိုမိုပြင်းထန်သော ဥပဒေများ ရေးဆွဲထားသည်။

အိန္ဒိယနှင့် တရုတ်တို့သည် ဟိမဝန္တာတောင်တန်းတစ်လျှောက် နယ်နိမိတ်မျဉ်းသတ်မှတ်ထားခြင်းမရှိသေးသော မိုင်ပေါင်း ၂၁၇၀ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်နေပြီး နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်များ၊ တင့်ကားများနှင့် အမြောက် သေနတ်များ ထောင်နှင့်ချီ၍ အများအပြား စုဆောင်းထားကြသည်။

နှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အိန္ဒိယစစ်တပ်အကြီးအကဲက ဇန်နဝါရီလက တရုတ် ကျူးကျော်မှုအန္တရာယ်ကို ကိုးကားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly