အနီကတ်အတွက် ဘရာဇီးအသင်းခေါင်းဆောင်နေမာ တစ်ပွဲပယ်ခံရ

အနီကတ်အတွက် ဘရာဇီးအသင်းခေါင်းဆောင်နေမာ တစ်ပွဲပယ်ခံရ

ဇွန် ၁၉၊ ချီလီ။ ။ ဘရာဇီးအသင်းခေါင်းဆောင်နေမာသည် ကြာသပတေးနံနက်ပိုင်းက ကိုလံဘီယာအသင်းကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်ပွဲတွင်မှ အနီကတ်ပြခံရသောအပြုအမူအတွက် တစ်ပွဲပယ်ခံရပြီး နောက်ထပ်အရေးယူမှုများနှင့်လည်းရင်ဆိုင်ရဖွယ်ရှိသည်။

နေမာသည်ယင်းပွဲအပြီးတွင် မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ကိုလံဘီယာကစားသမားအာမီရိုကို ဘောလုံးဖြင့်ကန်မိခဲ့သည့်အပြင် အနိုင်ဂိုးသွင်းသည့် မူရီလိုကိုလည်း ခေါင်းဖြင့် တိုက်ခဲ့သည်။

နေမာသည် ပီရူးနှင့်ကစားသည့်ပွဲတွင်လည်း အဝါကတ်ပြခံခဲ့ရသူဖြစ်ပြီး လာမည့်တနင်္ဂနွေတွင် ဗင်နီဇွဲလားနှင့်ကစားရမည့် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်ကို လွဲချော်ရတော့မည်ဖြစ်သည်။ ကိုလံဘီယာအသင်းမှ တိုက်စစ်မှူးဘက်ကာသည်လည်း နေမာနှင့်အချင်းများသည့်အတွက် အနီကတ်ပြထုတ်ပယ်ခံထားရသည်။

ကိုလံဘီယာနှင့်ပွဲစဉ်မှ အဖြစ်အပျက်နှင့်ပတ်သက်ပြီး အသက် ၂၃ နှစ်အရွယ်ရှိနေမာက ၎င်းအနေဖြင့်အမှားကျူးလွန်ခဲ့မိကြောင်း ဝန်ခံပြော ကြားသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly