မာလာဂါတိုက်စစ်မှူး ဂျူအန်မီကို လေးနှစ်စာချုပ်ဖြင့် ဆောက်သမ်တန်ခေါ်ယူ

မာလာဂါတိုက်စစ်မှူး ဂျူအန်မီကို လေးနှစ်စာချုပ်ဖြင့် ဆောက်သမ်တန်ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၁၇ ။         ။ ဆောက်သမ်တန်အသင်းသည် လာလီဂါကလပ် မာလာဂါအသင်းမှ စပိန်လူငယ်တိုက်စစ်မှူး ဂျူအန်မီကို လေးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက် ပြီ ဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျူအန်မီသည် စပိန် ယူ-၁၉ အသင်းနှင့်အတူ ဥရောပချန်ပီယံဆုဖလားကို နှစ်ကြိမ်ရရှိခဲ့ဖူးသူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီကလည်း မာလာ ဂါအသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ရှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ဆောက်သမ်တန်အသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် အသင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်လာရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဂျူအန်မီက ပြောသည်။ ဂျူအန်မီသည် ဆောက်သမ်တန်အသင်း၏ ရာသီသစ်အတွက် ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်သည်။

'ဆောက်သမ်တန်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာဖို့ ကြိုးပမ်းသွားမှာပါ။ ကျွန်တော် စိုးရိမ်ပူပန်မှုတော့ဖြစ် မိပါတယ်။ဒါပေမဲ့ တတ်နိုင်သလောက် အမြန်ဆုံးပွဲထွက် ကစားချင်ပါတယ်။ ဒီကလပ်က ကြီးမားတဲ့ကလပ်ပါ။ ကျွန်တော့်အပေါ် ယုံကြည်တယ်ဆိုတာ သူတို့အများ ကြီး ပြသခဲ့ပြီးပါပြီ။

လေ့ကျင့်ရေးကွင်းနဲ့ အသင်းရဲ့ကွင်းကလည်း တကယ်ကို ကြီးကျယ်ခမ်းနားပါတယ်။ တကယ့်အသင်းကြီး တစ်သင်းပါပဲ။ ကျွန်တော် ငယ်ငယ်ကတည်းက ပရီးမီး ယားလိဂ်မှာ ကစားဖို့ အိပ်မက် မက်ခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ ကစားပုံက ကျွန်တော့်ရဲ့ ကစားပုံနဲ့ ကိုက်ညီမှု ရှိပါတယ်။ ကျွန်တော့်ရဲ့ အိပ်မက်တွေ အမှန် တကယ် ဖြစ်လာတာပါပဲ။ အသင်းနဲ့ စတင်ပွဲထွက်ကစားပြီး ဂိုးတွေသွင်းချင်နေပါပြီ' ဟု ဂျူအန်မီက ပြောသည်။

ဂျူအန်မီသည် ရာသီကြိုပြင်ဆင်မှုအတွက် ဇွန်လ ၉ ရက်နေ့တွင် ဆောက်သမ်တန်အသင်းနှင့် လာရောက်ပူးပေါင်းမည် ဖြစ်သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly