ကချင်ပြည်နယ်မှ ရခိုင်သို့ ပြန်မည့် ရွှေ့ပြောင်းနေထိုင်သူများအရေး အစိုးရ တာဝန်ယူမည်

ကချင်ပြည်နယ်မှ ရခိုင်သို့ ပြန်မည့် ရွှေ့ပြောင်းနေထိုင်သူများအရေး အစိုးရ တာဝန်ယူမည်

ရန်ကုန်၊ ဇွန် ၁၉ ။     ။ ကချင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာမည့် ရခိုင်တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားများကို အလုပ် အကိုင်နှင့် နေထိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက တာဝန်ယူမည်ဟု ပြောကြားလိုက်ကြောင်း ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ကချင်ပြည်နယ်)ဒုဥက္ကဋ္ဌ ဦးဖြူသာချေက မဇ္ဈိမကိုပြောသည်။

ကချင်ပြည်နယ်မှ နေရပ်သို့ပြန်မည့် ရွှေ့ပြောင်းအလုပ်သမား ကိုးရာကျော် နေရပ်ပြန်နိုင်ရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဦးဖုန်းဆွေက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည် ဟု
ဦးဖြူသာချေက ပြောသည်။

"ပို့ဆောင်တဲ့နေရာမှာ မြို့နယ်တိုင်းအဆင့်ဆင့် အကူအညီပေးရေးတွေနဲ့ ဟိုဘက်ရခိုင်ကိုရောက်ရင်လည်း နေရေးထိုင်ရေး အလုပ်အကိုင်ရရှိရေးတွေကို ဆက်လက်တာဝန်ယူသွားမယ်လို့ပြောပါတယ်"ဟု ဆိုသည်။

ကချင်ပြည်နယ်မှ နေရပ်ပြန်မည့် ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ပတ်သက်ပြီး နေပြည်တော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာနတွင် ဒုဝန်ကြီးဦးဆောင်သော အဖွဲ့နှင့် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွ့ဲတို့ တွေ့ဆုံစဉ် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (န.တ.လ) မှ ဗိုလ်ကြီးသန့်ဇင်က "ဘင်္ဂလားဒေ့ရှ်က ပြန်လာ တဲ့ရွှေ့ပြောင်း ရခိုင်ဒုက္ခသည်တွေကို နေရာချထားတဲ့နေရာတွေမှာပဲ ထားမှာပါ လောလောဆယ် နေအိမ်မဆောက်ရသေးပါဘူး၊ ယာယီတဲတွေနဲ့ထားရမှာ" ဟု ဆိုသည်။

ရခိုင်သို့ ပြန်လည်ပြောင်းရွှေ့လာသူများအနက် အိမ်ခြေ အတည်တကျ မရှိသေးသူများကို ပံ့ပိုးသွားမည်ဟုဆိုသည်။ ၎င်းတို့ သည် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ ဟူးကောင်းချိုင့်ဝှမ်းဒေသများတွင် ကျပန်းအလုပ် လုပ်ကိုင်သူများ ရွှေ့ပြောင်းနေ ထိုင်သူများဖြစ်ပြီး မေ ၂၉ ရက်တွင် ရခိုင်ပြည်နယ် သို့ မြန်မာ့ မီးရထားဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ထိုသို့ထွက်ခွာရာတွင် မြစ်ကြီးနားမြို့ လူမှုဝန်ထမ်းဦးစီးဌာန မှ တာဝန်ရှိသူများ၏ အကူအညီဖြင့် ကချင်ပြည်နယ် မန္တလေးတိုင်း -ပဲခူးတိုင်း တို့မှ တဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးမည်ဖြစ်သည် ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly