ရခိုင်ရှိ ဘင်္ဂါလီပြဿနာကို အလွန်သတိထား၍ ကိုင်တွယ်ရန် လိုအပ်ဟု ဒေါ်စု ပြောကြား

ရခိုင်ရှိ ဘင်္ဂါလီပြဿနာကို အလွန်သတိထား၍ ကိုင်တွယ်ရန် လိုအပ်ဟု ဒေါ်စု ပြောကြား

အေအက်ဖ်ပီ (ဝါရှင်တန်)။ ။ လူနည်းစုများကို နိုင်ငံသားပေးခြင်းနှင့် ပတ်သက်၍ သတိရှိရန် အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး အတိမ်းအစောင်း မခံသော ပြဿနာကို အလွန့်အလွန် သတိထား၍ ကိုင်တွယ်ရမည်ဟုလည်း ၎င်းက ပြောကြားသည်။ ဒေါ်စုသည် ဘင်္ဂ ါလီ မွတ်စလင်ဆိုသူများနှင့် ပတ်သက်၍ သုံးသပ်ပြောဆိုခဲသူဖြစ်သည်။

မြန်မာအစိုးရသည် နိုင်ငံသားပေးခြင်း အဆင့်ကို ပြန်လည်သုံးသပ်နေပြီး မြန်မြန်ဆန်ဆန်နှင့် ပွင့်လင်းမြင်သာမှုရှိစွာ သုံးသပ်ပြီးနောက် လုပ်ငန်းစဉ်တွင် နောက်ပိုင်း မည်သည့်အရာများ ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရမည်ဟု ၎င်းက ဝါရှင်တန်ပို့စ်ကို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ခနော်နီနော်နဲ့ လှေများဖြင့် ဘင်္ဂ ါလီထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြ၍ မြန်မာကို နိုင်ငံတကာက
ဝေဖန်ခဲ့သေးသည်။ အင်္ဂါနေ့က အွန်လိုင်းတွင် တင်ခဲ့သော အင်တာဗျူး တစ်ခုတွင် ယင်းတို့ကို နိုင်ငံသားပေးသင့် မပေးသင့် ဆိုသည့် တိုက်ရိုက်မေးခွန်းတစ်ခု ကိုမူ ဒေါ်စုက ရှောင်လွဲခဲ့သည်။ "လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးခြင်းဟာ အလွန့်အလွန် သတိရှိစွာ ကိုင်တွယ်ရမယ့် ကိစ္စပါ။ ဖြစ်နိုင်သမျှတော့ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်ရမှာပါ။ ဒါနဲ့ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေတာ လုံလောက်မှုရှိ မရှိ ကျွန်မ သေချာမသိပါဘူး" ဟုလည်း ၎င်းက ပြောကြားသည်။

"ဒါက အတော်လေး အကဲဆတ်တဲ့ ပြဿနာပါ။ (မြန်မာနိုင်ငံမှာ) များပြားတဲ့ လူမျိုးစုတွေနဲ့ များပြားတဲ့ ဘာသာရေးအုပ်စုတွေ ရှိပါတယ်။ အုပ်စုတစ်ခုအပေါ်မှာ ကျွန်မတို့ ပြုမူလိုက်တဲ့ အရာတိုင်းဟာ တခြားအုပ်စုတွေအပေါ်မှာလည်း ရိုက်ခတ်သွားနိုင်ပါတယ်"ဟု ၎င်းက အလေးအနက် ပြောသည်။ " ဒါ့ကြောင့် ဒါဟာ အလွန့်ကို ရှုပ်ထွေးတဲ့ ပြဿနာပါ။ ချက်ချင်းကြီး ဖြေရှင်းလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဘင်္ဂ ါလီ ၁ ဒသမ ၃ သန်းခန့်ရှိပြီး ၁၄၀,၀၀၀ ခန့်မှာ ဒုက္ခသည် ခန်းများတွင် နေထိုင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly