ရန်ကုန်၊ ဇွန် ၁၇ ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့ ဇွန် ၁၇ရက် နံနက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ သည်ဟု မောင်တော နယ်ခြားစောင့်တပ်ဖွဲ့ ဒုရဲမှူးနိုင်ဝင်းက မဇ္ဈိမကိုပြောသည်။
မြန်မာဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်အတွင်းတွင် မေ ၁၇ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာကင်းလှည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ပြစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်သည် ဟုဆိုသည်။
"ဒီဘက်က ကင်းလှည့် ယာဉ်နဲ့ ထိတွေ့မှုဖြစ်တာလို့ ပြောတယ်။ ဒီဘက်က အထိအခိုက်တော့မရှိဘူး၊ အသေးစိတ်ကိုတော့ မသိသေးဘူး"ဟု ဒုရဲမှူးနိုင်ဝင်းကပြော သည်။
ဇွန်လ ၁၄ ရက်က ရဲမှူးချုပ်တင်ကိုကို ဦးဆောင်သော မြန်မာအဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးချုပ် မိုဟာမက် ဟာဘီဘူလ် ကရိမ်းဦးဆောင်သော ဘင်္ဂလားဒေ့ရှ် အဖွဲ့တို့တွေ့ဆုံကာ နှစ်နိုင်ငံ အလံတင်ဆွေးနွေးပွဲကို ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ပြုလုပ်ခဲ့သေးသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၀၊၅၂ အနီးတွင်မေလအတွင်းက ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုသုံးကြိမ်ဖြစ် ပွားခဲ့ပြီး နှစ်ဖက်မှ တပ်သား ၇ဦးကျ ဆုံးခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် ကီလိုမီတာ ၃၂၀ ကျော် ရှည်လျားပြီး နယ်စပ်ကင်းစခန်း ဂိတ် ၁ မှ ဂိတ် ၆၅ ထိ ဖွင့်လှစ်ထားရှိသည်။