ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ

ထိုင်းနိုင်ငံတွင် မားစ်ရောဂါလက္ခာဏာရှိသူတစ်ဦးကို ပထမဆုံးအကြိမ်တွေ့ရှိ

ထိုင်းနိုင်ငံတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ (မားစ်) လက္ခဏာရှိသူ အသက် ၇၅နှစ်အရွယ် အမျိုးသားတစ်ဦးကို ပထမဆုံးအကြိမ် ဇွန် ၁၈ရက်က တွေ့ရှိကြောင်း ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုသည်ဟု အေဖက်ပီ သတင်းတစ်ရပ်က ဖော်ပြထားသည်။

၎င်းသည် အရှေ့အလယ်ပိုင်းနိုင်ငံက လာသူဖြစ်ပြီး မားစ်ရောဂါ လက္ခဏာတွေ့ရှိကြောင်းကို ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီး ယင်းလူနာသည် ထိုင်းနိုင်ငံသို့ ၎င်း၏ မိသားစုနှင့်အတူ ရောက်ရှိလာသည်မှာ သုံးရက်သာ ရှိသေးသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် လူဦးရေ ၂၀ဦးကို မားစ်ရောဂါပိုး ရှိမရှိ ထိုင်းနိုင်ငံက အသေအချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီလည်း ဖြစ်ပြီး စစ်ဆေးခံရသူ အားလုံးတွင် ရောဂါလက္ခဏာ မတွေ့ရှိဟု ဆိုသည်။

အရှေ့အလယ်ပိုင်း အသက်ရှုလမ်းကြောင်းရောဂါ မားစ်သည် လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံတွင် တွေ့ကြုံနေရပြီး ရောဂါပိုးရှိသူ ၁၆၅ဦး အထိရှိပြီဖြစ်ကာ သေဆုံးသူ ၂၃ဦးထိ ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly