တောင်ကိုရီးယားတွင် နောက်ထပ် မားစ်ရောဂါပိုး ကူးစက်ခံရသူ ၃ဦး တွေ့ရှိ

တောင်ကိုရီးယားတွင် နောက်ထပ် မားစ်ရောဂါပိုး ကူးစက်ခံရသူ ၃ဦး တွေ့ရှိ

ဆိုးလ်၊ ဇွန်-၂၁ ။        ။ မကြာသေးမီရက်များက နှေးကွေးသွားပုံရပေမယ့်လည်း ဗိုင်းရပ်စ် ပျံ့နှံ့မှုနဲ့ ပတ်သက်လို့ ကျန်းမာရေး အာဏာပိုင်တွေက နိုးကြားသတိနဲ့ စောင့်ကြည့်နေတုန်းမှာပင် တနင်္ဂနွေနေ့က အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ် (MERS)ကူးစက်ခံရသူ ၃ဦးကို ထပ်မံစမ်းသပ်တွေ့ရှိခဲ့သည်ဟု တောင်ကိုရီးယားက သတင်းထုတ်ပြန်ခဲ့သည်။

မားစ်ရောဂါ စမ်းသပ်တွေ့ရှိရသည့် အသစ်၃ယောက်ထဲတွင် ကျန်းမာရေးလုပ်သားနှစ်ယောက် ပါဝင်နေပြီး၊ စုစုပေါင်း ကူးစက်ခံ ရသူအရေအတွက်ွမှာ ၁၆၉ယောက်ရှိသွားပြီဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သေဆုံးသူအရေအတွက်မှာမူ မပြောင်းလဲဘဲ ၂၅ယောက်သာ ရှိသေးသည်ဟု ဆိုသည်။

ရောဂါကူးစက်ခံရသည့် ကျန်းမာရေးုဝန်ထမ်းနှစ်ယောက်ထဲတွင် တစ်ယောက်မှာ လူပေါင်း ၈၀ခန့် ကူးစက်ခံရရာ ရောဂါဖြစ်ပွားမှု ၏ ဗဟိုဌာနအဖြစ် ယူဆကြသည့် ဆိုးလ်မှ Samsung Medical Centre တွင် မားစ်ရောဂါသည် လူနာများကို ဆေးကုသပေးနေ သည့် ဆရာဝန်ဖြစ်သည်။ အခြားတစ်ယောက်မှာမူ ဆိုးလ်မြို့တော်ရှိ အခြားဆေးရုံတစ်ရုံတွင် မားစ်ရောဂါသည်လူနာများကို ဓာတ်မှန်ရိုက်ပေးသည့် ဆေးဝန်ထမ်းတစ်ယောက် ဖြစ်သည်။

လူပေါင်း ၄၃ယောက်မှာအတော်အတန် ပြန်လည်သက်သာလာပြီဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ပြီး၊ လူနာ ၁၄ယောက် မှာမူ အရေးကြီးသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။ ဆိုးလ်မှာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရေး တိုက်ပွဲတွင် အနိုင်ရနေပြီဟု မရဲတရဲမျှော်လင့်နေချိန်တွင် ယခုကဲ့သို့ နောက်ထပ်၃ဦး ရောဂါပိုး ကူးစက်ခံနေကြောင်း တွေ့ရှိသည့် သတင်းထွက်ပေါ်လာခြင်း ပင်ဖြစ်သည်။

လူနာများနှင့် ထိတွေ့ခဲ့သောကြောင့် အစိုးရဂေဟာများ၊ နေအိမ်များတွင် သီးခြားခွဲကန့်စောင့်ကြည့်ခံနေရသည့် လူအရေအတွက် မှာလည်း ယခင် ဗုဒ္ဓဟူးနေ့ (ဇွန်၁၇)က ၆၇၀၀ရှိခဲ့ရာမှ စနေနေ့ (ဇွန်၂၀)တွင် ၄၀၃၅ယောက်အထိ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ မေလ ၂၀ရက်နေ့က ဆော်ဒီအာရေဗျမှ ပြန်လာသည့် အသက် ၆၈နှစ်အရွယ် အမျိုးသားတစ်ဦးတွင် မားစ်ရောဂါပိုးကို စမ်းသပ်တွေ့ရှိရာမှစ၍ ကူးစက်ပျံ့ပွားလာခဲ့ခြင်းပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags