ဗာဆိုင်းနန်းတော် အပြင်ဘက်တွင် ပြသထားသော မအင်္ဂါပုံ အနုပညာလက်ရာအား လူအချို့က ဆေးများဖြင့်မှုတ်ကာ ဖျက်ဆီးခဲ့

ဗာဆိုင်းနန်းတော် အပြင်ဘက်တွင် ပြသထားသော မအင်္ဂါပုံ အနုပညာလက်ရာအား လူအချို့က ဆေးများဖြင့်မှုတ်ကာ ဖျက်ဆီးခဲ့

ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော် အပြင်ဘက်တွင် ပြသထားသော မအင်္ဂါပုံ အနုပညာလက်ရာအား လူအချို့က
ဆေးများဖြင့်မှုတ်ကာ ဖျက်လိုဖျက်ဆီး ပြုမူခဲ့ကြသည်။

ထို အငြင်းပွါးဖွယ် အနုပညာလက်ရာမှာ ဗြိတိသျှ ပန်းပုပညာရှင် Anish Kapoor ၏ လက်ရာ ဖြစ်သည်။

ထိုအနုပညာလက်ရာမှာ ညစ်ညမ်းကြောင်းနှင့် ရုန့်ရင်းရိုင်းစိုင်းကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သော်လည်း ပန်းပုပညာရှင် Anish Kapoor ကမူ သူ၏ လက်ရာနှင့် ပတ်သတ်၍ ကာကွယ်ပြောဆိုခဲ့သည်။

ဖျက်လိုဖျက်ဆီး လုပ်ထားခြင်းကို ဗုဒ္ဓဟူးနေ့တွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး ထိုအဖြစ်အပျက်မှာ စိတ်ပျက်စရာ ကောင်းကြောင်း ပန်းပုပညာရှင် Anish Kapoor က ဆိုခဲ့သည်။

“Dirty Corner” ဟု အမည်ပေးထားသော ထို installation အနုပညာလက်ရာ ကို နန်းတော်အပြင်ဘက်တွင် ပြသထားခြင်း ဖြစ်သည်။

 “အာဏာရလာခဲ့တဲ့ မိဖုရားကြီးရဲ့ မ အင်္ဂါပါ” ဟု ပြင်သစ် ဘာသာစကားဖြင့် ပြုလုပ်သော အင်တာဗျူး တစ်ခုထဲတွင် မစ္စတာ Kapoor က ပြောခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူ၏ အနုပညာလက်ရာကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်၍ရကြောင်း ပြောခဲ့သည်။

ဗာဆိုင်းနန်းတော်မှာ ၁၈ရာစု ပြင်သစ်မိဖုရား Marie Antoinette ၏ စံအိမ်တော် ဖြစ်သည်။

ထိုအနုပညာလက်ရာ နှင့် ပတ်သတ်၍ ဂျာမန် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ Dunja က “ကြီးမားတဲ့မအင်္ဂါကြီးနဲ့ နန်းတော်ကို တွဲပြီးတွေ့ရတာဟာ စိတ်ရှှုပ်စရာပါ” ဟု ရိုက်တာသတင်းဌာနအား ပြောကြားခဲ့ဖူးသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly