ရုရှဦးဆောင်သော ဥရောပ-အာရှ စီးပွားရေးအဖွဲ့ကြီးသို့ဝင်မည်ဟု အိန္ဒိယအတည်ပြု

ရုရှဦးဆောင်သော ဥရောပ-အာရှ စီးပွားရေးအဖွဲ့ကြီးသို့ဝင်မည်ဟု အိန္ဒိယအတည်ပြု

မော်စကို၊ ဇွန် ၁၉ ။      ။ ရုရှဦးဆောင်သော ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EEU) နှင့် လွတ်လပ်သောကုန်သွယ်ရေး သဘော တူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း အိန္ဒိယက အတည်ပြုလိုက်သည်။ ရုရှဦ်းဆောင်သောယင်း အဖွဲ့ကြီး ကနောက် ထပ်ပေါ်ထွန်းစ နိုင်ငံများကို ဆွဲဆောင်လျက်ရှိသည်။

ယင်းသဘောတူညီချက်ကို အိန္ဒိယအစိုးရက အပြည့်အ၀ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရုရှရှိ အိန္ဒိယသံရုံးမှ အကြီးတန်း သံတမန်၏ ပြောကြားချက်ကို ကိုးကား၍ တာ့စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ရုရှ၊ ဘီလာရုစ်၊ ကာဇက်စတန်၊ အာမေးနီး ယားနှင့် ကာဂျစ္စတန်တို့သည် ယင်းသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး အဖွဲ့ကြီးမှာ ဇန်နဝါရီ တစ်ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ဒေသ တွင်းစီးပွားရေးပေါင်းစည်းရန်ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

EEU လွတ်လပ်သောကုန်သွယ်ရေးဇုန်သို့ဝင်ရောက်ရန် တရုတ်၊ ဗီယက်နမ်၊ အီရန်၊ အီဂျစ်နှင့် အစ္စရေးတို့ကလည်း စိတ်ဝင် စားကြောင်းပြသလျက်ရှိသည်။ အဖွဲ့ဝင်နိုင်ငံများကြား ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ အရင်းအနှီးနှင့် အလုပ်သမားများကို အခမဲ့ကူးပြောင်းဖြတ်သန်းခွင့် ပေးရန်လည်း ယင်းအဖွဲ့ကရည်ရွယ်သည်။ လွန်ခဲ့သည့်လက အဖွဲ့က အီရန်နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ရေး ကနဦးဆောင်ရွက်ရမည့် အဆိုပြုချက်ကို အဖွဲ့ကပေးအပ်ခဲ့သည်။

ယင်းအဆိုပြုချက်ကို အာမေးနီးယားမြို့တော် ယေရေဗန်တွင် ပြုလုပ်ခဲ့သောကျွမ်းကျင်သူအဆင့် ဆွေးနွေးပွဲတွင် ယူရေးရှား စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဝင်အားလုံးက အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဘုတ်အဖွဲ့ဝင်ရုရှကိုယ်စားလှယ် အန်ဒရေစလက် နက်က ပြောကြားခဲ့သည်။.

ထို့အပြင် အဖွဲ့သို့ ဝင်ရောက်ရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဆွေးနွေးမှုများကို မကြာမီစတင်မည်ဟုလည်း ၎င်းက ပြောကြားခဲ့ သည်။ အဖွဲ့၏ ဂျီဒီပီမှာ ဒေါ်လာ ၂ဒသမ၇ ထရီလီယံရှိသဖြင့် အီးယူနှင့် အမေရိကန်တို့ကို စိန်ခေါ်နိုင်သော အဓိကစီးပွားရေး အင်အားစုကြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly