ရာစုနှစ် တစ်နှစ်အတွင်း အမေရိကန်က အမျိုးသမီးပုံဖြင့် ငွေစက္ကူထုတ်မည်

ရာစုနှစ် တစ်နှစ်အတွင်း အမေရိကန်က အမျိုးသမီးပုံဖြင့် ငွေစက္ကူထုတ်မည်

အေအက်ဖ်ပီ (ဝါရှင်တန်)။ ။ ရာစုနှစ် တစ်နှစ်အတွင်း အမေရိကန်က အမျိုးသမီးပုံဖြင့် ငွေစက္ကူ ထုတ်ဝေတော့မည်ဖြစ်ရာ အမေရိကန် ဒေါ်လာငွေစက္ကူများပေါ်တွင် လူဖြူအမျိုးသား နိုင်ငံရေး သူရဲကောင်းများသာ ရှိနေသည့် အစဉ်အလာမှာ ကျိုးပျက်တော့မည် ဖြစ်သည်။

သို့သော်လည်း ငွေစက္ကူပေါ်တွင် မည်သည့် အမျိုးသမီး၏ ပုံကို တင်မည်ဆိုသည်ကို မရွေးချယ်ရသေးပေ။ ဒီမိုကရေစီကို ရပ်တည်ကာကွယ်ပေးသည့် အမျိုးသမီး တစ်ဦးပုံ ဖြစ်နိုင်သည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသမီးပုံပါသော ဆယ်ဒေါ်လာတန် ငွေစက္ကူကို ၂၀၂၀ တွင် ထုတ်ဝေမည်ဖြစ်ပြီး ပထမဆုံး ဘဏ္ဍာရေးဝန်ကြီး အလက်ဇန်ဒါ ဟာမီလ်တန်၏ နေရာကို အစားထိုးမည်ဟု သိရသည်။

အမေရိကန် ငွေစက္ကူသမိုင်းတွင် အမျိုးသမီး နှစ်ဦး၏ပုံကို သုံးဖူးသည်။ ပထမဆုံး အမေရိကန် သမ္မတ ဂျော့ဝါရှင်တန်၏ ဇနီး မာသာဝါရှင်တန်၏ ပုံကို ၁၈၈၀ ပြည့်လွန်နှစ်များနှင့် ၁၈၉၀ ပြည့်လွန်နှစ်များက တစ်ဒေါ်လာတန် ငွေစက္ကူများတွင် အသုံးပြုခဲ့သည်။ ဂျိမ်းစ်တောင်းတွင် ကိုလိုနီအခြေစိုက်မှုနှင့် ဆက်နွယ်သော ဌာနေ အမေရိကန် အမျိုးသမီး ပိုကာဟွန်တက်စ်၏ ပုံကိုလည်း ၁၈၆၀ ပြည့်လွန်နှစ်များက ထုတ်ဝေခဲ့သော ငွေစက္ကူများတွင် ပါဝင်သော လူအုပ်တစ်ခုတွင် ထည့်သွင်းခဲ့သည်။

မည်သည့် အရည်အချင်းများက ဒီမိုကရေစီကို ကိုယ်စားပြုသည်ဆိုသည်နှင့် ပတ်သက်၍ လူထုသဘောထား ကောက်ခံပြီးနောက် ငွေစက္ကူတွင် ဖော်ပြမည့် အမျိုးသမီး၏ ပုံကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ရွေးချယ်မည်ဟု ဆိုသည်။ ရွေးချယ်မှုကို ယခုနှစ်နောက်ပိုင်းတွင် ပြုလုပ်မည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly