မွတ်စလင် ရာမဒန်ဥပုသ်လကာလအတွင်း သေဒဏ်အပြစ်ပေးခြင်းများဆိုင်ငံ့ထားရန် ပါကစ္စတန်အမိန့်ထုတ်

မွတ်စလင် ရာမဒန်ဥပုသ်လကာလအတွင်း သေဒဏ်အပြစ်ပေးခြင်းများဆိုင်ငံ့ထားရန် ပါကစ္စတန်အမိန့်ထုတ်
ရှင်ကျန်းဒေသမှ မွတ်စလင် ယူအစ်ဂါများ။ (ဓာတ်ပုံ - timesofindia.com)

(အစ္စတန်ဘူလ်)။ ။ ပါကစ္စတန်နိုင်ငံတွင် မွတ်စလင်ရာမဒန်ဥပုသ်လကာလအတွင်း သေဒဏ်စီရင်ခြင်းအပြစ်ဒဏ်များကို ယာယီအားဖြင့်ဆိုင်းငံ့ထားရန် အမိန့်ထုတ်ထားသည်။

ဝန်ကြီးချုပ် နာဝက်ရှရစ်က "ဥပုသ်လ၏ သန့်ရှင်မှု” ကို အလေးအမြတ်ထားရန် အာဏာပိုင်များကို ညွန်ကြားခဲ့သည်။

နိုင်ငံတွင်းနေရာများစွာတွင် သောကြာနေ့မှစကာ ရာမဒန်ဥပုသ်ပွဲတော်ကို စတင်ပြီလည်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံတွင်း ဒီဇင်ဘာလမှစကာ သေဒဏ်အပြစ်ပေးသူပေါင်း ၁၇၀ ကျော်ရှိနေပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများက ယင်းကို ဝေဖန်ကြသည်။

သေဒဏ်အပြစ်ပေးခြင်းကို ဥပုသ်လအတွင်း ဆိုင်းငံ့ထားရန် ဝန်ကြီးချုပ် ရှရစ်က ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရများထံသို့ ညွန်ကြားချက်များ ပို့ထားခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် ကမ္ဘာတွင် သေဒဏ်ကျအကျဉ်းသားဦးရေ အများဆုံးနိုင်ငံဖြစ်နိုင်သည်။ အကျဉ်းသား ၈၂၀၀ ခန့်က သေမိန့်ကျနေသည့် အကျဉ်းသားများဖြစ်ကြောင်း သိရသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly