အမေရိကန် လူမည်း ဘုရားရှိခိုးကျောင်း သေနတ်ပစ်ခတ်သူဟု သံသယရှိသူကို ဖမ်းဆီးမိ

အမေရိကန် လူမည်း ဘုရားရှိခိုးကျောင်း သေနတ်ပစ်ခတ်သူဟု သံသယရှိသူကို ဖမ်းဆီးမိ

(နယူးယောက်)။ ။ အမေရိကန်နိုင်ငံ တောင်ပိုင်း ကယ်လီဖိုးနီးယားရှိ ချားလစ်တန်မြို့တွင်းရှိ သမိုင်းဝင် လူမည်း ဘုရားရှိခိုးကျောင်းအား သေနတ်ဖြင့် ပစ်ခတ်သူဟု သံသယရှိသည့် အသက် ၂၁ အရွယ် လူငယ်ကို ဖမ်းဆီးထားသည်။

လီဇင်တန်မြို့တွင် နေထိုင်သည့် ဒိုင်လန်ရုဖ်ကို မီးပွိုင့်ပိတ်မိနေစဉ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။

ယင်းသေနတ်သမားက ဘုရားရှိခိုးကျောင်းအတွင်း သမ္မာကျမ်းစာ ရွတ်ဖတ်စဉ် ရှိနေခဲ့ပြီး နောက်ယင်းလူအုပ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းပစ်ခတ်မှုအတွင်း ဘုရားကျောင်း သင်းအုပ် ဘုန်းတော်ကြီး တစ်ပါး အပါအဝင် အမျိုးသမီးခြောက်ဦးနှင့် အမျိုးသား သုံးဦး သေဆုံးခဲ့သည်။ လူမျိုးရေး မုန်းတီးမှုအခြေခံပြီး ဖြစ်ပွားခဲ့သည့် ယင်းပြစ်မှုကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိသည်။

သမ္မတ အိုဘားမားက သူ့နှင့် သူ့ဇနီးတို့သည် အဆိုပါ ဘုရားကျောင်းရှိ သင်းအုပ်ဘုန်းတော်ကြီး အပါအဝင် အဖွဲ့ဝင်တစ်ချို့နှင့် သိကျွမ်းရင်းနှီးမှု ရှိသည်ဟု ပြောသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly