မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ

မလေးရှား အတိုက်အခံမဟာမိတ်အဖွဲ့ ပြိုလဲ

မလေးရှားနိုင်ငံမှ အတိုက်အခံညွန့်ပေါင်းမဟာမိတ်အဖွဲ့သည် ခေါင်းဆောင် အန်ဝါအီဘရာဟမ် ဓမ္မတာသွေဖည် လိင်ဆက်ဆံ မှုကြောင့် ထောင်ကနေချိန်လအတန် ကြာတွင် ပြိုကွဲသွားခဲ့သည်။

အန်ဝါ၏ လက်အောက်ရှိစဉ်က ယင်းအတိုက်အခံမဟာမိတ်အဖွဲ့ People's Alliance သည် အင်အားတောင့် အောင်မြင်သည့် ညွန့်ပေါင်းအဖွဲ့ဖြစ်ပြီး နိုင်ငံ လွတ်လပ်ရေးရစဉ်မှစကာ မလေးရှားညွန့်ပေါင်း အစိုးရအား ကြီးစွာထိုးနှက်ခြိမ်းခြောက်နိုင်သည့် အဖွဲ့ဖြစ်ခဲ့သည်။ သို့သော် ၎င်းဖမ်းဆီးခံရပြီးနောက်တွင် မူဝါဒရေးကြောင့် ပါတီသုံးခု ကွဲပြဲခဲ့သည်။

ယင်းသို့ မပြိုကွဲခင် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အာဏာရညွန့်ပေါင်းအစိုးရ မဲရရှိကာ ပြန်လည်အနိုင်ရရေးကို ယှဉ်ပြိုင်ထိုးနှက်နိုင်ခဲ့သည့် အဖွဲ့ကြီးဖြစ်သည်။

အစ္စလာမ်မစ်ဥပဒေကို အားကောင်းအောင် ရှေးရိုးစွဲ Pan-Malaysian Islamic Party (PAS) ပါတီက အားထုတ်လာချိန်မှစကာ မဟာမိတ်အဖွဲ့အတွင်း အက်သံ ထွက်လာခဲ့ခြင်းဖြစ်သည်။

ပို၍လွတ်လပ်ပြီး တိုင်းရင်းတရုတ်အများစုပါဝင်သည့် Democractic Action Party (DAP) ပါတီက ယင်းလုပ်ဆောင်မှုကို ကန့်ကွက်ခဲ့ရာမှ ခွာပြဲကြရန် လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

အန်ဝါ၏ Parti Keadilan Rakyat (PKR) က မဟာမိတ်ညွန့်ပေါင်းအဖွဲ့၏ ရပ်တည်မှုက ရေရှည်နိုင်မည်မဟုတ်တော့ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာလိုက်သည်။

ပါတီအနည်းစုက ၎င်းတို့က အတူလက်တွဲပူးပေါင်းနေဆဲဖြစ်ကြောင်းပြောပြီး တစ်ချို့သော သုံးသပ်သူများက ပြန်လည်ရင်ကြားစေ့ရေး ဖြစ်လာနိုင်ပါကြောင်း ပြော ထားသော်လည်း အတိုက်အခံမဟာမိတ်ညွန့်ပေါင်း၏ ရှေ့ရေးက မရေမရာဖြစ်နေဆဲဖြစ်သည်။

အန်ဝါကို ဖေဖော်ဝါရီလအတွင်းက လိင်သွေဖည်ဆက်ဆံမှုဖြင့် ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly