တရုတ်နှင့် သြစတြေးလျ သမိုင်းဝင် ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုး

တရုတ်နှင့် သြစတြေးလျ သမိုင်းဝင် ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုး

ဆစ်ဒနီ၊ ဇွန် ၁၇ ။        ။ ဆယ်စုနှစ် တစ်နှစ်ကြာ ဆွေးနွေးပွဲများပြုလုပ်ပြီးနောက် တရုတ်နှင့် သြစတြေးလျတို့သည် ဇွန် ၁၇ က သမိုင်းဝင် ကုန်သွယ်ရေးသဘော တူညီချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းသို့သဘောတူညီချက်အရ များပြားလှသော ကဏ္ဍများတွင် နှစ်နိုင်ငံခြား သွင်းကုန်ပို့ကုန်ခွန်များ ဖျက်သိမ်းခြင်းကြောင့် စီးပွားရေးနှင့် အလုပ်အကိုင်များ တိုးတက်လာမည်ဖြစ်သည်။

"ဒီကနေ့ကတော့ ကျွန်တော်တို့နှစ်နိုင်ငံအတွက် အလွန်ကိုအရေးပါပြီး သမိုင်းဝင်တဲ့နေ့ပါ။ ကျွန်တော်တို့နှစ်နိုင်ငံကို ပိုကောင်းစေဖို့ ပြောင်းလဲပေးမှာပါ။ နောက်ပြီး ဒါက(သဘောတူညီချက်က) ကျွန်တော်တို့ရဲ့ဒေသတွင်းကိုလည်း ပိုပြီးကောင်းစေမှာပါ။ နောက် ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကိုပေါ့"ဟုသြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က ကင်ဘာရာတွင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးအပြီး ပြောကြားခဲ့သည်။ "ဒီသဘောတူညီချက်ကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဟာ တစ်နိုင်ငံရဲ့ဈေးကွက်တွေထဲကို တစ်နိုင်ငံက မကြုံစဖူးထိုးဖောက်ဝင်ရောက်နိုင်ပါလိမ့်မယ်"ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သြစတြေးလျကုန်သွယ်ရေးဝန်ကြီး အင်ဒရူးရော့ဘ်နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ကောက်ဟူချန်တို့က ကင်ဘာရာမြို့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

တရုတ်သည် သြစတြေးလျ၏ အကြီးမားဆုံးကုန်သွယ်ဘက်ဖြစ်ပြီး နှစ်စဉ်နှစ်ဘက်ကုန်သွယ်မှုတန်ဘိုးမှာ သြစတြေးလျဒေါ်လာဘီလျံ ၁၆၀ကျော်(စင်ကာပူဒေါ်လာ ၁၆၆ ဒသမ ၈ ဘီလျံ)ရှိသည်။ သဘောတူညီအရ တရုတ်သို့ ဝင်လာသော သြစတြေးလျ ကုန်ပစ္စည်း ၈၅ ရာခိုင်နှုန်းမှာ ဒဏ်ကြေး အခွန်ရှိလိမ့်မည် မဟုတ်ပေ။သြ စတြေး လျသည် အလားတူစာချုပ်များကို ဂျပန်၊တောင်ကိုရီးယားတို့နှင့်လည်း လက်မှတ်ထိုးထားပြီဖြစ်ရာ သြစတြေးလျပို့ကုန်များ၏ ကြီးမားသည့်ရာခိုင်နှုန်းမှာ မကြာမီ အကောက်ခွန်ကင်းလွန်တော့မည်ဖြစ်သည်။

သြစတြေးလျလုပ်ငန်းများသည် လောလောဆယ် တရုတ်သို့တင်ပို့သော ကုန်ပစ္စည်းများအပေါ် ၄၀ ရာခိုင်နှုန်းအထိ အခွန်ပေးနေရသည်။သို့သော်လည်း သဘော တူညီချက်အရ အရင်းအမြစ်များနှင့် စွမ်းအင်ထုတ်ကုန်အားလုံးအပေါ်စည်းကျပ်ခွန်များကို ဖျက်သိမ်းတော့မည်ဖြစ်သည်။တရုတ်၏ ကြီးထွားလာသောလူလတ်တန်း စားများကို ကျွေးမွေးနိုင်ရန် သြစတြေးလျ၏ ဝိုင်၊ အသား၊ ပင်လယ်စာနှင့် နို့ထွက်ပစ္စည်းအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များအပေါ်လည်း အကောက်ခွန်များ ကိုရုပ် သိမ်းမည်ဖြစ်သည်။

အပြန်အလှန်အနေဖြင့် သြစတြေးလျကလည်း တရုတ်အီလက်ထရောနစ်နှင့် ဈေးနှုန်းချိုသောကုန်ပစ္စည်းများအပေါ်ရှိနေသည့် သွင်းကုန်ခွန် ၅ ရာခိုင်နှုန်းကိုလည်း ပယ်ဖျက်ပေးမည်ဖြစ်သည်။ သို့သော်လည်း အချို့မှာ အခွန်လျှော့သည့်အဆင့်ရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly