လက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခံရသည့် ကလေးငယ် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့

လက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခံရသည့် ကလေးငယ် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့

(မော်ရိုကို)။ ။ မော်ရိုကိုမှ စပိန်နိုင်ငံတွင်းသို့ ခရီးသွားလက်ဆွဲအိတ်အတွင်း ထည့်ကာ လူမှောင်ခိုသွင်းခြင်းခံရသည့် အိုင်ဗိုရီကို့စ်
နိုင်ငံသား ရှစ်နှစ်သား ကလေးငယ်သည် ယခုတွင် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံတွေ့နိုင်ပြီ ဖြစ်သည်။

ရှစ်နှစ်သားလေး အက်ဒ်ဒူးအော့တာရာကို စပိန်နယ်ခြားမြို့ ကူတာမြို့လေဆိပ်တွင် ပြီးခဲ့သည့်လက လက်ဆွဲသေတ္တာတွင်း ထည့်သွင်း မှောင်ခိုသွင်းခြင်းခံရခြင်းဖြစ်ပြီး ထိတ်လန့်ဖွယ်အခြေအနေကို ယင်းကလေးငယ်က ပြန်ပြောင်းပြောဆိုသည်။

ကလေး၏ ဖခင်ဖြစ်သူကို ယင်းသို့နိုင်ငံတွင်း ကလေးငယ်ကို မှောင်ခိုခိုးသွင်းမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခဲ့သော်လည်း ယခုတွင် အာမခံဖြင့် ပြန်လွှတ်ပေးထားသည်။

ကလေးငယ်ကို ထည့်ထားသည့် လက်ဆွဲသေတ္တာအား သယ်ဆောင်ခဲ့သူ မော်ရိုကို အမျိုးသမီးကိုလည်း ဖမ်းဆီးထားသည်။

စပိန်အာဏာပိုင်များက ၎င်းကလေးငယ်အား စပိန်နိုင်ငံ ကာနာရီကျွန်းတွင် တရားမဝင်နေထိုင်နေသည့် မိခင်ဖြစ်သူနှင့် ပြန်လည်ဆုံဆည်းခွင့် ပေးခဲ့ခြင်းဖြစ်ပြီး ပြန်မတွေ့ပေးမီ ကလေးအား ဒီအင်န်အေစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့သည်။

"ကလေးရဲ့ အမေက ငိုရှာတယ်။ အဲဒီ သားအမိနှစ်ဦး ပြန်တွေ့တဲ့နေ့ကတော့ တကယ့်ကို ကျက်သရေပျော်ရွှင်စရာကောင်းတဲ့ နေ့ပါပဲ။” ဟု ကလေးသူငယ်ရေးရာ ကူတာမြို့မှ တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly