အိုင်အက်စ်တို့ မွတ်စလင် သာယာရွှေပြည် မက်လုံးဖြင့် အနောက်နိုင်ငံသားများကို ဆွဲဆောင်သိမ်းသွင်းနေဟုဆို

အိုင်အက်စ်တို့ မွတ်စလင် သာယာရွှေပြည် မက်လုံးဖြင့် အနောက်နိုင်ငံသားများကို ဆွဲဆောင်သိမ်းသွင်းနေဟုဆို

ဝါရှင်တန်၊ ဇွန် ၂ ။      ။ အိုင်အက်စ်စစ်သွေးကြွအုပ်စုက ကျန်းမာရေးဌာနများ၊ ဘုံမီးဖိုချောင်များ၊ လက်နက်များ၊ စက်ရုံများ၊ ရေနံကုမ္ပဏီများနှင့် ကျောင်းများနှင့် ပြီးပြည့်စုံသည့် အကြမ်း ဖက်လူ့ဘောင်တစ်ရပ်ကို တည်ဆောက်နေသည်ဟု အုပ်စု၏ များမြောင်လှသော လူမှုမီဒီယာသတင်းများကို သရုပ်ခွဲ လေ့လာချက်တစ်ခုအရ သိရသည်။     

အိုင်အက်စ်အုပ်စုက အဆိုပါ အဖွဲ့အစည်းများကို သူတို့ သိမ်းပိုက်ထားသည့် နယ်မြေများ အတွင်းသို့သွတ်သွင်းရန် မီဒီယာစစ်ဆင်ရေး ဆင်နွှဲနေသည်။ တွတ်တာ (Twitter)နှင့် အလားတူ လူမှုကွန်ရက်များ ပေါ်တွင် ၎င်းတို့ အောင်နိုင်သည့်မြေကို မွတ်စလင် ဗျာဒိတ်ရမြေအဖြစ် သရုပ်ဖော် နေသည်။ ဆိုလိုရင်းကအိုင်အက်စ်တို့၏ ခေါင်းဆောင်အဘူ ဘာကာဘက်ဂဒါဒီကခါလီ ဖိတ် (သို့မဟုတ်) အစ္စလာမ်နိုင်ငံတော်ဟု ခေါ်သည့် နယ်မြေကို ထိန်းကျောင်းမောင်းနှင်ရန် ဥရောပ၊ ကနေဒါနှင့် အမေရိကန်တို့မှ အနောက်နိုင်ငံသားများကို အီရတ်နှင့် ဆီးရီးယားသို့ လာရောက်ကြရန် ဆွဲဆောင်စည်းရုံးနေခြင်းပင် ဖြစ်သည်။  

နေ့စဉ်နှင့်အမျှ အမေရိကန် ဦးဆောင်သည့် ဗုံးကြဲမှုများကြား ပြေးလွှားနေရသည့် ဘဝတွင်ပင် ISIS နှင့် ISIL ဟုလည်းaခါ်ဝေါ်ကြ သည့်အိုင်အက်စ်စစ်သွေးကြွတို့ကကြီးထွားလာနေသောလူထုကြီး၏လိုအပ်ချက်များကို ဖြည့်ဆည်းရန်အထူးသဖြင့်ဆီးရီးယားနိုင်ငံ အတွင်းရှိ ၎င်းတို့အခေါ် မြို့တော် ရပ်ကာ၏ အတွင်းနှင့် ဝန်းကျင်တွင် မြို့ပြအခြေခံ အဆောက်အအုံများ ကို ဆောက်လုပ်နေ ကြောင်း ပြောကြားခဲ့သည်။

‘‘သူတို့ရဲ့ စီမံကိန်းကို အဓွန့်ရှည်စေဖို့အတွက် အိုင်အက်စ်တွေဟာ လူထုကြီးကို အခြေခံ ဝန်ဆောင်မှု တွေပေးဖို့ လိုအပ်တယ် ဆိုတာကို သိတယ်။ ဝင်ငွေကို ဖန်တီးရမယ်ဆိုတာကို သိတယ်။ အောင်မြင်စွာ လည်ပတ်နေတဲ့ လူ့ဘောင်တစ်ရပ်ကို ဖွဲ့စည်းဖို့ ပညာတတ်တွေဟာ မရှိမဖြစ် အစိတ်အပိုင်းတွေဆိုတာကို သိတယ်’’ဟု အရှေ့အလယ်ပိုင်း မီဒီယာသုတေသန အင်စတီကျုမှ အစီရင်ခံစာတစ်စောင်တွင် ပြောကြားထား သည်။ ထိုအဖွဲ့၏ သရုပ်ခွဲဆန်းစစ်သူများက တစ်နေ့လျှင် ၂၄ နာရီလုံးလုံး အိုင်အက်စ် အုပ်စု၏ ထောင်ပေါင်းများစွာသော အင်တာနက်ပို့စတင်များကို စောင့်ကြည့် လေ့လာသုံးသပ်နေသည်။

‘‘ဒီအစိတ်အပိုင်းတွေကို သိမ်းသွင်းဖို့က အစ္စလာမ်ဥပဒေကို ပုံဖော်မယ့် အောင်မြင်တဲ့ လူ့ဘောင်တစ်ရပ်ရဲ့ အစိတ်အပိုင်းဖြစ် လိုတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဆန္ဒကို အိုင်အက်စ်တွေက ပစ်မှတ်ထားဆွဲဆောင်တာပါ’’ဟု အဆိုပါသုတေသနက ပြော ကြားသည်။ အခြား ပညာရှင်အုပ်စုတစ်စု (think tank)ဖြစ်သည့် စစ်ပွဲသုတေသန အင်စတီကျုကလည်း တကွဲတပြားဖြစ်နေ သည့် ဆီးရီးယား တွင် အိုင်အက်စ်အုပ်စုမှာ ခိုင်မာစွဲမြဲလွန်းသောကြောင့်လည်း လက်ရှိ အိုဘားမားအစိုးရ၏ စစ်ရေး မဟာဗျူဟာ မှာ အလုပ်မဖြစ်ဟု သုံးသပ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly