ပင်လယ်နက်အတွင်း အမေရိကန် ဖျက်သင်္ဘောအနီး ရုရှစစ်လေယာဉ်များက အနီးကပ်ဖြတ်၍ ပျံသန်းခဲ့

ပင်လယ်နက်အတွင်း အမေရိကန် ဖျက်သင်္ဘောအနီး ရုရှစစ်လေယာဉ်များက အနီးကပ်ဖြတ်၍ ပျံသန်းခဲ့
ပင်လယ်နက်အတွင်း အမေရိကန်ဖျက်သင်္ဘော တစ်စီးကို တွေ့ရစဉ်။ ဓာတ်ပုံ-US Navy

ပင်တဂွန်၊ ဇွန် ၂ ။  ။ ပင်လယ်နက်အတွင်းတွင် ပြီးခဲ့သည့်ရက်များအတွင်းက အမေရိကန် ဖျက်သင်္ဘောတစ်စင်း ခုတ်မောင်းနေရာသို့ ရုရှစစ်လေယာဉ်များ ဖြတ်ကျော်ပျံသန်းလာခဲ့ကြောင်း ပင်တဂွန်က ပြောသည်။

အမေရိကန် ဖျက်သင်္ဘော USS Ross က ကျုးကျော်ရန်လိုသည့် အပြုအမူများရှိခဲ့သည်ဟု ရုရှနိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။

သို့သော်လည်း သင်္ဘောသည် နိုင်ငံတကာ ရေပိုင်နက်အတွင်းမှာပင် အချိန်ပြည့် ကောင်းမွန်စွာ ခုတ်မောင်းနေခဲ့ခြင်းဖြစ်ပြီး ပုံမှန်အော်ပရေးရှင်းကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

သင်္ဘောနှင့် မီတာ ၅၀၀ အနီးထိ ရုရှစစ်လေယာဉ်တစ်စင်း ဖြတ်ပျံသန်းသွားခဲ့သည့် ဗီဒီယိုကို လည်း အမေရိကန်ရေတပ်က ထုတ်လွှင့်ခဲ့သည်။

” ဒီသင်္ဘောက မလိုလားဖွယ် ကျုးကျော်တဲ့ အပြုအမူများ လုပ်ဆောင်ခဲ့တာပါ။ ပင်လယ်နက် ရေတပ်အုပ်စု သင်္ဘောများနဲ့ စောင့်ကြည့်ရေး အော်ပရေတာများအတွက် ဒီသင်္ဘောက စိုးရိမ် ထိတ်လန့်စရာ ဖြစ်ခဲ့ရတာပါ။ ဒါကြောင့် ကာကွယ်တားဆီးရေး လုပ်ဆောင်တဲ့အနေနဲ့ စစ်လေယာဉ် တွေကို စေလွှတ်ခဲ့ရတာပဲဖြစ်တယ်”ဟု ရုရှနိုင်ငံပိုင်မီဒီယာက စစ်တပ် သတင်းရင်းမြစ် တစ်ရပ်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly