အမေရိကန်တွင် ဗလီရှေ့၌ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြ

အမေရိကန်တွင် ဗလီရှေ့၌ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြ

ဖီးနစ်၊ မေ ၃၀ ။       ။ အမေရိကန်နိုင်ငံ ဖီးနစ်မြို့ ဗလီတစ်ခုရှေ့တွင် မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွားပြီး မွတ်စလင်များဘက်က ရပ်တည်ပေးသူများက တန်ပြန် ဆန္ဒပြမှုဖြစ်ပွား ခဲ့သည်။

ထိုသို့ ဆန့်ကျင်ဘက် ဆန္ဒပြသမှုနှစ်ရပ် ထိပ်တိုက်တိုး တွေ့ခဲ့သော်လည်း ဆူပူမှုမဖြစ်ခဲ့ဘဲ ငြိမ်းငြိမ်းချမ်းချမ်းပင် ပြီးဆုံးသွားခဲ့သည်။

ဖမ်းဆီးခဲ့သူမရှိကြောင်း၊ ဒဏ်ရာရရှိသူလည်း မရှိကြောင်း ဖီးနစ်နစ်ရဲဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တန်ပြန်ဆန္ဒပြသူများနှင့် မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ရဲက လူစုခွဲလိုက်သည်။ သို့သော် နှစ်ဘက်အုပ်စုက ရဲက စည်းတားထားသည့် နေရာမှ အပြန်အလှန် အော်ဟစ်ကြ သည်။

မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြသူများက အစ္စလာမ်ကိုဆဲသည့် စာတမ်းပါတီရှပ်များ ဝတ်ဆင်ကာ ယင်းစာတမ်းများ ရေးထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ဆန္ဒပြခြင်းဖြစ်ပြီး တန်ပြန်ဆန္ဒပြသူများက ငြိမ်းချမ်းရေးကို ကြွေးကြော်ကာ “အိုင်အက်စ်ကသာ အယုတ်တမာ၊ အစ္စလာမ် မပါ” ဟူသော စာတမ်းများကို ကိုင်ဆွဲဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly